အမေရိကန်သမ္မတ ဘိုင်ဒင်နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ် ရပ်စဲရေးနှင့် ဓားစာခံများပြန်လွှတ်ပေးရေး ဖုန်းဖြင့်ဆွေးနွေး

ဂျေရုဆလင်၊ ဧပြီ ၂၉

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့သည် ဂါဇာကမ်းမြောင်ဒေသ၌ အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများပြန်လွှတ်ပေးရေးအပေါ် ဖုန်းဖြင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အစောပိုင်းက ဖုန်းပြောဆိုရာတွင် ခေါင်းဆောင်နှစ်ဦးသည် အစ္စရေးနှင့် အစ္စလာမ္မစ်အုပ်စုဟားမားစ် တို့အကြားဆွေးနွေးညှိနှိုင်းမှုကို ပြန်လည်သုံးသပ်ခဲ့ကြောင်း အိမ်ဖြူတော်က ဧပြီ ၂၈ ရက်က ကြေညာခဲ့သည်။

ဘိုင်ဒင်နှင့် နေတန်ယာဟုတို့သည် ယခုသီတင်းပတ်တွင် မြောက်ပိုင်းဖြတ်ကျော်ရာ နေရာသစ် ဖွင့်လှစ်ရန်  ပြင်ဆင်မှုများအပါအဝင် ဂါဇာသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ တိုးမြှင့်ပေးရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ချက်တွင် ပြောကြားသည်။

ဂါဇာကမ်းမြောင်ဒေသ၌ စစ်ပွဲများ ဆက်လက်လုပ်ဆောင်နေသည့် အစ္စရေးတပ်ဖွဲ့က အတည်ပြုထားသည့် အစီအစဉ်များအတွက် အမေရိကန်သမ္မတက ၎င်း၏သဘောထားကို ထပ်လောင်း ပြောကြားသည်။ ဘိုင်ဒင်သည် ရာဖာ၌ အစ္စရေး၏ မြေပြင်စစ်ဆင်ရေးနှင့်ပတ်သက်၍ ဖြစ်နိုင်ခြေရှိသည်များ ကို အလွန်စိုးရိမ်မိကြောင်း ဆက်လက်ပြောကြားသည်။

အင်န်အိတ်ချ်ကေ