အမေရိကန်သမ္မတ ဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ နောက်တစ်ကြိမ်တွေ့ဆုံရန် သဘောတူ

ဆန်ဖရန်စစ္စကို နိုဝင်ဘာ ၂၁

အမေရိကန်သမ္မတ  ဂျိုးဘိုင်ဒင်နှင့်   တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည်   ပြီးခဲ့သည့်  သီတင်းပတ်က ဆန်ဖရန်စစ္စကိုအနီး ထိပ်သီးအစည်းအဝေးပြုလုပ် စဉ် နောက်တစ်ကြိမ်တွေ့ဆုံရေးနှင့် ပတ်သက်ပြီး သဘောတူခဲ့ကြကြောင်း  အမေရိကန်အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။

၎င်းတို့သည်   ဗုဒ္ဓဟူးနေ့က  တစ်နှစ်အတွင်း ပထမဆုံးအကြိမ်    မျက်နှာချင်းဆိုင်တွေ့ဆုံစဉ် ၎င်းတို့ နိုင်ငံများအကြား   စစ်ဘက်ရေးရာများနှင့် ပတ်သက်ပြီး အဆင့်မြင့်ဆွေးနွေးပွဲ ပြန်လည်စတင်ရန်  သဘောတူခဲ့ကြသည်။   ခေါင်းဆောင်နှစ်ဦးအနေဖြင့်   နောက်တစ်ကြိမ်  တွေ့ဆုံသွားမည်ဖြစ် ကြောင်း၊ သို့သော်လည်း ထိုသို့တွေ့ဆုံမည့်အချိန်ကို မသတ်မှတ်ရသေးကြောင်း အိမ်ဖြူတော် အမျိုးသား လုံခြုံရေးကောင်စီ  ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီ က    တနင်္လာနေ့တွင်    သတင်းထောက်များကို   ပြောသည်။

ထို့အပြင် ခေါင်းဆောင်များအနေဖြင့် တယ်လီဖုန်းဖြင့်အပါအဝင် စကားပြောလိုပါက  နှစ်နိုင်ငံ တာဝန်ရှိသူများအနေဖြင့်   စီစဉ်ပေးနိုင်မည်ဖြစ်ကြောင်း  ဗုဒ္ဓဟူးနေ့ထိပ်သီးအစည်းအဝေးအပြီး တွင် အမေရိကန်နောက်ထပ် အကြီးတန်းအရာရှိ တစ်ဦးက ပြောသည်။             

အင်န်အိတ်ချ်ကေ