နယူးဒေလီ ၂၄ ဖေဖော်ဝါရီ
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်သို့ နှစ်ရက်ကြာ အလည်အပတ်ခရီးအဖြစ် ယနေ့တွင် ရောက်ရှိလာသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့်အတူ ၎င်း၏ ဇနီးဖြစ်သည့် မယ်လန်နီရာထရန့်လည်း လိုက်ပါလာခဲ့ပြီး အာမာဒါဘတ်မြို့တွင် နှုတ်ခွန်းဆက်စကားပြောကြားမည်ဖြစ်သည်။
အာမာဒါဘတ်လေဆိပ်တွင် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီက ကြိုဆိုနှုတ်ခွန်းဆက်သသည်။
အမေရိကန်သမ္မတနှင့်၎င်း၏ ဇနီးသည် အူတာပရာဒေ့ရ်ပြည်နယ်မြောက်ပိုင်း အဂရာသို့ မသွားမီ ကမ္ဘာအမွေအနှစ် နေရာဖြစ်သည့် တပ်ဂျ်မဟာတွင် နေ၀င်ချိန် ကြည့်ရှုရန်မြို့တော်တွင် လေးနာရီကြာ နေထိုင်မည်ဖြစ်သည်။
ယမန်နေ့ ညနေပိုင်းတွင် နယူးဒေလီသို့ ထရန်နှင့်အဖွဲ့ ရောက်ရှိမည်ဖြစ်သည်။
လွန်ခဲ့သည့်ရှစ်လအတွင်းက အိန္ဒိယ၀န်ကြီးချုပ်မိုဒီ နှင့် ထရန်တို့သည် ငါးကြိမ်မျှတွေ့ဆုံခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေး၀န်ကြီး ဟာရက် ရှီရီဂီလာ က ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်


