အမီတာဘဂျမ်း နေရာမှာ အစားထိုးဖို့ဆိုတာ မဖြစ်နိုင်တဲ့ အိပ်မက်တစ်ခုပါလို့ ပြောလိုက်တဲ့ အနေးလ် ကပူး

၁၅ ဇွန် 

အမီတာဘဂျမ်းဆိုတာ ဘောလိဝုဒ်ရုပ်ရှင်လောကမှာ အလွှမ်းမိုးနိုင်ဆုံး သရုပ်ဆောင်လို့ သတ်မှတ်ထားရတဲ့ လူပါ။ အခုအချိန်မှာ သူ့အသက် ဟာ ၇၅ နှစ်ရှိနေပေမယ့် သူ့ကိုချစ်တဲ့ ပရိတ်သတ်တွေရဲ့ အချစ်ကတော့ လျော့မသွားသေးပါဘူး။ အနေးလ်ကပူး ဆိုတာကလည်း ရုပ်ရှင်လောကမှာ အနှစ်၄၀ခန့် ကျင်လည်ခဲ့တဲ့ ဝါရင့်သရုပ်ဆောင် တစ်ဦးပါ။

သူဟာ ဘောလိဝုဒ် ရုပ်ရှင်တွေမှာသာမက နိုင်ငံတကာက ရုပ်ရှင်တွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်တဲ့ သရုပ်ဆောင်တစ်ဦးပါ။ ရုပ်ရှင်ထူးချွန်ဆုတွေ အများကြီး ရရှိထားတဲ့ သရုပ်ဆောင်ဆိုရင်လည်း မမှားပါဘူး။ နာမည်ကျော်မင်းသား ဆယ်မန်ခန်းက အမီတာဘဂျမ်းရဲ့ နေရာကို အစားထိုးဖို့ဆိုရင် အနေးလ်ကပူးပဲရှိတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ပါတယ်။ ဒါကို အနေးလ်ကပူး က အမီတာဘဂျမ်းရဲ့နေရာကို အစားထိုးဖို့ဆိုတာ မဖြစ်နိုင်တဲ့ အိမ်မက်တစ်ခုပါ မီဂါစတားကြီးတစ်ဦးဖြစ်တဲ့ အမီတာဘဂျမ်းဟာ တစ်မျိုးတစ်စားတည်းသာရှိတဲ့ အနုပညာရှင် တစ်ယောက်ပါလို့ ပြန်လည် ပြောကြားခဲ့ပါတယ်။ 

အနေးလ်ဟာ သူ့ရဲ့တွစ်တာစာမျက်နှာမှာ သူ့ကိုဒီလိုမျိုး အမီတာဘဂျမ်းနဲ့ တစ်တန်းတစ်စားထဲ သတ်မှတ်ခဲ့တဲ့ အတွက် ဆယ်မန်ခန်းကို ကျေးဇူးတင်ပါတယ်။ အမီတာဘဂျမ်းကို မှီနိုင်ဖို့ဆိုတာ အိမ်မက်တစ်ခုလိုပါပဲ။ လို့ရေးသားခဲ့ပါတယ်။ အနေးလ်နဲ့ ဆယ်မန်ခန်းတို့ဟာ ဒါရိုက်တာ ရီမို ရိုက်ကူးတဲ့ Race 3 ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပြီး အဲဒီဇတ်ကားကို သောကြာနေ့ကစပြီး ပြသတော့မှာလို့လည်း သိရပါတယ်။ 

ကိုးကား - အီးတိုင်းမ်စ်