နေပြည်တော် ၂၈ မတ်
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်သန်းသည် ရန်ကုန်မြို့၊ သြစတြေးလျ နိုင်ငံသံရုံးမှ သံအမတ်ကြီး H. E. Ms. Andrea Faulkner အားယနေ့ ၁၃:၃၀ နာရီတွင် နေပြည်တော်ရှိအမျိုးသားလွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-သြစတြေးလျ နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှု ခိုင်မြဲရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးတို့နှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ ဥပဒေပြုရေးဆိုင်ရာလုပ်ငန်းစဉ်များ၊ လွှတ်တော်ကော်မတီများဖွဲ့စည်းမှု၊ လွှတ်တော် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ် များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူအမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌဦးအေးသာအောင်နှင့် အမျိုးသားလွှတ်တော်ရုံး မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)


