နေပြည်တော် ၅ ဧပြီ
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၁)ရဲလေ့ကျင့်ရေးကျောင်း(ရမည်းသင်း)တွင် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ခုနှစ် ဧပြီ ၅ ရက်အထိ ဖွင့်လှစ်သင်ကြားခဲ့သည့် အမျိုးသမီး ရဲတပ်သား သစ်သင်တန်း အမှတ်စဉ်(၄၈/၂၀၁၈) သီဟတပ်ခွဲ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီ ခွဲတွင် အဆိုပါလေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ ကျင်းပရာ ကျောင်းအုပ်ကြီး ရဲမှူးကြီး စိုးလွင်မိုး တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး သင်တန်းတွင် ထူးချွန်ဆု ရရှိခဲ့သည် သင်တန်းသားများအား ဆုများပေးအပ်ချီးမြှင့်သည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား ၁၀၃ ဦး တက်ရောက်အောင်မြင်ခဲ့ကြောင်းနှင့် သင်တန်းဆင်းပွဲသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများ၊ မိဘဆွေမျိုး များနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း ၄၅၀ တက်ရောက်ခဲ့ကြောင်း သိရသည်။
(ရဲပြန်ကြား)


