နေပြည်တော် ၁၇ ဒီဇင်ဘာ
နေပြည်တော်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမိုင်တိုင်အမှတ် (၄/၇) အနီး၌ ယနေ့မနက် ၀၀ နာရီ မိနစ် ၅၀ အချိန်တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ အမှတ်(၃)လမ်းဆုံ အမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ဥတ္တရသီရိမြို့နယ်၊ တောင်ညို ကျေးရွာနေ ထက်မြတ်သူ (၃၀)နှစ် မောင်းနှင်လာသော YGN 5D/xxxx MARK II ယာဉ်သည် အခင်းဖြစ်နေရာအရောက် အရှိန်မထိန်းနိုင်ဘဲ ပေ(၃၀)ခန့်ရှိ ကွန်ကရစ်တံတား မြောင်းအတွင်းသို့ ပြုတ်ကျခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ယာဉ်မှာ ပျက်စီးဆုံးရှုံးခဲ့ပြီး ယာဉ်မောင်း ထက်မြတ်သူအား အမှတ်(၃) လမ်းဆုံ အမြန်လမ်းမကြီးရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)


