နေပြည်တော် ၁၁ ဧပြီ

 

ဧပြီလ(၁၁) ရက်နေ့ နံနက် ၁၁ နာရီခွဲက မန္တလေး-နေပြည်တော် လမ်း မိုင်တိုင် (၃၃၃/၁- ၃၃၃/၂) ကြားတွင် ယာဉ်မောင်း ကိုအောင်ဇော်ဦး(၃၀)နှစ် ပျူကန်ကျေးရွာ မလိုင်မြို့နယ်နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ်MDY 4M/1---   HYUNDAI STAREX ယာဉ်၏ အမိုးပေါ်တွင် ခရီးသည်များ တင်ဆောင်မောင်းနှင်လာသည်ကို အမြန်လမ်းမကြီးရဲတပ်ဖွဲ့ စကားအင်းစခန်း. လှည့်ကင်း အဖွဲ့မှ တွေ့ရှိသဖြင့် ရပ်တန့်စိစစ် မေးမြန်းခဲ့သည်။

 

အဆိုပါ ယာဉ်သည် မလှိုင်မြို့သို့ သွားရောက်မည်ဖြစ်ပြီး မိုင်တိုင် အမှတ် (၃၄၉/၅) လမ်းဟောင်း ဖြတ်လမ်းမှ တက်ရောက်မောင်းနှင်ခဲ့ကြောင်း စစ်ဆေးသိရှိရသဖြင့်. အမြန်လမ်းမပေါ် ထုတ်ပြန်ထားသည့် တားမြစ်ချက်များကို လေးစားလိုက်နာမှု မရှိသည့်အပြင် အန္တရာယ် ဖြစ်ပေါ်စေနိုင် သဖြင့် အမြန်လမ်းမကြီးဥပဒေပုဒ်မ ၂၂ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

 

MDN