mdn

သတင်းဆောင်းပါး - သင်္ချာအောင်သင်း

 

နိုင်ငံတော်အစိုးရက ဇူလိုင်လအတွင်း အခြေခံကျောင်း များဖွင့်လှစ်ရာတွင် Grad-10 နှင့် Grade - 11 အထက် တန်းအဆင့်ကို ဦးစားပေးဖွင့်လှစ်သွားရန် စီစဉ်ဆောင် ရွက်ထားပါသည်။ မိဘဆရာသမားများနှင့် မျိုးဆက်သစ် ကျောင်းသားများ၊ ပြည်သူများသည် ကိုဗစ်-၁၉ ရောဂါ ကာလကြီးတွင် ရရှိခဲ့သော ကျန်းမာရေးအတွေ့အကြုံ သင်ယူမှုအသိပညာနှင့်အညီ နေထိုင်စားသောက်မှုများကို သတိထားကာ ကျင့်သုံးကာကွယ်ကြရမည်ဖြစ်သည်။

 

ကျန်းမာရေးနှင့်ညီညွတ်သော လုံခြုံဘေးကင်း၍ အရည်အသွေးကောင်းမွန်သည့် အခြေခံပညာ အထက် တန်းအဆင့်ကျောင်းများဖွင့်လှစ်ရာ၌ ၉တန်း၊ ၁၀တန်း အဆင့်တွင် တွေ့ကြုံရမည့်လိုအပ်ချက်၊ အားသာချက်များ ကိုပြင်ဆင်ပြီးမှသာ အလယ်တန်းနှင့် မူလတန်းတစ်ဆင့် ဆက်လက်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်မှုသည် မှန်ကန်ပါသည်။ အထက်တန်းအဆင့်သည် အလယ်တန်း အဆင့်၊ မူလတန်းအဆင့်များထက် အသက်အရွယ်အား ဖြင့်လည်းကောင်း၊ ပညာ၊ မှန်သည်၊ မှားသည်ကို ချင့်ချိန် စဉ်းစား လုပ်ဆောင်မှုများတွင်လည်းကောင်း သာလွန်မှု ထင်ရှားသည်။

 

အစိုးရစစ်ဆေးခဲ့သော တက္ကသိုလ်ဝင်တန်းကျောင်းသားများသည် ကျောင်းတွင်းစာမေးပွဲ စစ်ဆေး ခံကြရသည့် ကျောင်းသားများထက် သင်ကြားလေ့လာ ကျက်မှတ်မှု၊ စည်းစနစ်ရှိမှုနှင့် အသိပညာတို့တွင် ပိုမိုအားကောင်း ပါသည်။ ၄ တန်း၊ ၈ တန်းနှင့် ၁၀တန်း စာမေးပွဲများကို အစိုးရမှ တာဝန်ခံစစ်ဆေးစဉ်က ကျောင်းသား ကျောင်းသူများသည် အခြေခံအဆင့်တွင် ခိုင်မာခဲ့ကြပါသည်။

 

ရန်ကုန်တက္ကသိုလ်ကို အော်လန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်နှင့် ကိန်းဘရစ်တက္ကသိုလ်တို့၏ စနစ်နှင့် အညီ ဖွဲ့စည်းတည်ဆောက်ခဲ့သည်။ ၁၈၇၈ ခုနှစ်တွင် ရန်ကုန်ကောလိပ်သည် ဗြိတိသျှ-အိန္ဒိယရှိ ကာလကတ္တား တက္ကသိုလ်၏ လက်အောက်ခံဖြစ်သည်။ ၁၉၁၆ ခုနှစ်တွင် အစိုးရကောလိပ်ဟု ပြောင်းလဲသည်။ ၁၉၂၀ ပြည့်နှစ်တွင် ရန်ကုန်ယူနီဗာစီတီကောလိပ်နှင့် ဂျပ်ဆင်ကောလိပ် တို့ပူးပေါင်း၍ ရန်ကုန်တက္ကသိုလ်ကြီး ပေါ်ပေါက်လာခဲ့ သည်။ အာရှထိပ်တန်း ရန်ကုန်တက္ကသိုလ်ကြီး ဖြစ်ခဲ့သည်။

 

၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ၁၉၄၇ ခုနှစ်တွင် ရေးဆွဲအတည်ပြုခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ၂၁၆ အရ မြန်မာဘာသာသည် ရုံးသုံး၊ ဘာသာဖြစ်ခဲ့သည်။ ၁၉၄၈ ခုနှစ် မေလ ၈ ရက်နေ့တွင် တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန ကိုတည်ထောင်ခဲ့သည်။ ၁၉၅၈ ခုနှစ် ဧပြီ ၃ ရက်တွင် သင်ကြားမှုဘာသာစကားနှင့်စပ်လျဉ်း၍ အစိုးရပေါ်လစီ အဖြစ်ထုတ်ပြန်ခဲ့ရာ

(၁) အင်္ဂလိပ်စာကို ၅ တန်းမှစ၍ သင်ကြားသည်ဖြစ်ရာ ထိုအချိန်ကာလအတွင်း တတ်မြောက်နိုင်မည့် အင်္ဂလိပ် စာအဆင့်အတန်းအတိုင်း တက္ကသိုလ်ဝင်စာမေးပွဲများတွင် စစ်ဆေးမည့်မေးခွန်းများကို ၁၉၆၀ ပြည့်နှစ်မှစ၍ ပြောင်းရန်။

(၂) တက္ကသိုလ်ဥပစာတန်း အင်္ဂလိပ်စာများကိုလည်း မေးခွန်းများတွင် အလားတူသတ်မှတ် စစ်ဆေးရန်။ ဥပစာ တန်းစာမေးပွဲများတွင် အင်္ဂလိပ်စာကို မသင်မနေရဘာသာ ရပ်အဖြစ် ဆက်လက်သတ်မှတ်ရန်။

(၃) အင်္ဂလိပ်စာအဆင့်အတန်းသစ် စတင်ချိန်မှအစပြု၍ အဆင့်မြင့်အင်္ဂလိပ်စာ (Advanced English)ကို တက္ကသိုလ် နှင့် ဥပစာတန်းစာမေးပွဲများတွင် စိတ်ကြိုက်ဘာသာရပ် တစ်ရပ်အဖြစ် ရွေးချယ်ဖြေကြားခွင့်ပြုရန်။ (၄) တက္ကသိုလ်တွင် ၁၉၆၀ ပြည့်နှစ် ဇွန်လမှစ၍ ဥပစာ တန်း အပိုင်း(က)တွင် ဘာသာရပ်အားလုံးကို မြန်မာဘာသာ ဖြင့်သင်ကြားပြီး နောက်နှစ်များတွင် တစ်နှစ်စီ တိုးမြှင့် သင်ကြားသွားရန်။

(၅) ဂုဏ်ထူးတန်းနှင့် မဟာဝိဇ္ဇာ/သိပ္ပံတန်းများတွင် အင်္ဂလိပ်စာကို သင်ကြားဘာသာစကားအဖြစ် ဆက်လက် ကျင့်သုံးပြီး ၁၉၆၅ ခုနှစ်တွင် ဤကိစ္စကို ပြန်လည်စဉ်းစားရန်။

(၆) တက္ကသိုလ်များတွင် မြန်မာလိုသင်ကြားခြင်းဖြင့် ပေါ်ပေါက်လာနိုင်မည့် ပြဿနာများ(ဥပမာ ကျောင်းသုံး စာအုပ်များ ဘာသာပြန်ဆိုထုတ်ဝေရေး၊ ပါမောက္ခ၊ ကထိကနှင့် လက်ထောက်ကထိကများ လုံလုံလောက်လောက် ရရှိရေး) ကို ဖြေရှင်းရေး စီမံချက်တစ်ရပ် ရေးဆွဲရန်။

(၇) တက္ကသိုလ်များတွင် ဘာသာအားလုံးကို မြန်မာလို သင်ကြားလာသောအခါ ဥပစာတန်းတွင် ပင်ရင်းမြန်မာစာ သင်ကြားမှုကို ရပ်ဆိုင်းရန်။

(၈) ဥပစာတန်းကျောင်းသားများသည် ထိုအချိန်တွင် ပင်ရင်းမြန်မာစာအစား တခြားဘာသာရပ်တစ်ခုခု ကို စိတ်ကြိုက်ဘာသာရပ်အဖြစ် ယူခွင့်ပြုရန်တို့ဖြစ်သည်။

 

၁၉၆၄ ခုနှစ်၌ စနစ်သစ်တက္ကသိုလ်များအဖြစ် ဖွဲ့စည်း ပြီးသောအခါ တက္ကသိုလ်ပညာရပ်အားလုံးကို အင်္ဂလိပ်လို | သင်ကြားရေးမှ မြန်မာလိုသင်ကြားရေးအဖြစ် ပြောင်းလဲခဲ့ သည် ၅ တန်းမှစ၍ အင်္ဂလိပ်စာသင်ကြားရေး အကောင် အထည်ဖော်ခဲ့သည်။ မြန်မာနိုင်ငံပညာရေးအဆင့်အတန်း တဖြည်းဖြည်းနိမ့်ကျလာပြီး အပြည်ပြည် ဆိုင်ရာမှ အသိအမှတ်ပြုခြင်းများ ရပ်တန့်သွားခဲ့ကြသည်။ ၁၉၈၂ ခုနှစ်ရောက်တော့မှ မူလတန်းမှစကာ အင်္ဂလိပ်စာ သင်ကြားစေခဲ့သည်။ ၉တန်း၊ ၁၀ တန်းနှင့် တက္ကသိုလ်တန်း များရှိ ပညာရပ်များကို မြန်မာဘာသာဖြင့် သင်ကြားနေရာမှ အင်္ဂလိပ်ဘာသာဖြင့် ပြန်လည်သင်ကြားစေခဲ့သည်။

 

ကျွန်တော်တို့ မြန်မာစာကိုချစ်ပါသည်။ မိမိဘာသာ စကားကို ထိန်းသိမ်းနေပါသည်။ သို့သော် အင်္ဂလိပ်စာသည် ကမ္ဘာသုံးဖြစ်နေသဖြင့် အင်္ဂလိပ်နယ်ချဲ့ကို မုန်းတီး၍ရနိုင် သော်လည်း ကမ္ဘာသုံးအင်္ဂလိပ်စာနှင့် ကောင်းမွန်သည့် နည်းစနစ်ကို မုန်းတီး၍မရစကောင်းပါ။ ယခုကဲ့သို့သော IT ခေတ်ကြီးတွင် အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားသော ဆေးပညာ၊ အင်ဂျင်နီယာပညာ စီးပွားရေးပညာ၊ ဥပဒေ ပညာ၊ သိပ္ပံ/ဝိဇ္ဇာပညာများ စဉ်ဆက်မပြတ် ထွက်ပေါ်နေ ပါသည်။ ကမ္ဘာ့ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံများတွင် Primary School coop: Secondary School အလယ်တန်းတို့မှစ၍ ဝိဇ္ဇာ) သိပ္ပံဘာသာရပ်များတွင် အင်္ဂလိပ်ဝေါဟာရများ ကျွမ်းဝင်စေမည့် အင်္ဂလိပ်စာဗီဇ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးထားနိုင်ကြသည်။ မြန်မာနိုင်ငံတွင် အင်္ဂလိပ်စာ အားနည်းလာကြခြင်းမှာ အင်္ဂလိပ်စာဗီဇ ပတ်ဝန်းကျင်ကောင်းများ အစဉ်အဆက် ဖန်တီးမှုမရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ မြန်မာကျောင်းသား များသည် အင်္ဂလိပ်စာနှင့်ပတ်သက်သော Medical tem Engineering terms Economic termLaw termPolitical term Technological term 0902 စကားလုံးများ ကြွယ်ဝချမ်းသာဖို့လိုပါသည်။ ကမ္ဘာ့ အဆင့်မီရန်အတွက် ပညာရပ်အားလုံး အင်္ဂလိပ်စာဖြင့်သာ ဆက်လက်သင်ကြားနေရမည် ဖြစ်သည်။

 

သင်ကြားရေးနှင့်ပတ်သက်၍ ဆရာသည် ပညာ ဝမ်းစာပြည့်စုံဖို့လိုသည်။ သင်ကြားနည်းစနစ် အနုပညာ ပါရမီပြည့်စုံရန်လိုသည်။ ပညာရပ်များတွင် အင်္ဂလိပ်ဘာသာနှင့် သင်ကြားရာတွင် ဘာသာရပ်အသီးသီး၏ သဘောတရား၊ စဉ်းစားတွေးခေါ်မှုများကို မြန်မာစကား ဖြင့် ရေရေလည်လည် ရှင်းပြနိုင်ပြီး အင်္ဂလိပ်မှတ်စုများ၊ စကားလုံးများ၊ ဝေါဟာရများ ကျက်မှတ်ထားကြရန် အထူးလိုအပ်သည်။ သင်ကြားနည်းစနစ်သည် မြန်မာစာ ကိုလည်း မပစ်ပယ်သကဲ့သို့ အင်္ဂလိပ်စာကိုလည်း တတ်ကျွမ်းစေသည့် သားရွှေအိုးထမ်းမြင်ရသည့်ကိန်း ရလဒ်ဖြစ်သည်။ ဆရာသည် ပညာရေးဖွံ့ဖြိုးတိုးတက်ရေးမှာ အရာ ဖြစ်သည်။

 

ယခုအခါ နိုင်ငံတကာတ်မီ KG+12 ပညာရေး စနစ်ကို အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်နေ သည်။ ယခင်ခေတ်က ၁၆ နှစ်၁၇ နှစ်အရွယ်ကလေးစိတ် မကုန်သည့်အရွယ်မှာ တက္ကသိုလ်ကျောင်းသား ကျောင်းသူ ဖြစ်နေကြခြင်းမှ ယခုခေတ်တွင် မိမိကိုယ်ကို ထိန်းသိမ်း ရပ်တည်နိုင်သည့် ၁၈ နှစ်ပြည့်ပြီးမှ တက္ကသိုလ်ရောက်နိုင် ရန်အတွက် KG+12 ပညာရေးက ကာကွယ်ပေးပါသည်။ စနစ်သစ်ပညာရေးသည် သုစိ ပုဘာ၊ ဝိလိ၊ သိ၊ ဓာ၊ ကြား၊ ကြံ၊ မေး၊ ပြော၊ ငူ၊ရေး၊ လေ၊ နှုတ်ဟူသောရှင်မဟာရဋ္ဌသာရ ဆုံးမစာနှင့်ကိုက်ညီရန်လည်း လိုအပ်သည်။ မြန်မာ့ ပညာရေးပြုပြင်ပြောင်းလဲရာတွင် ဟိုကတစ်မျိုး၊ ဒီက တစ်ဖုံနှင့် အနာတခြား ဆေးတခြား မဖြစ်ဖို့လိုပါသည်။ မြေစမ်းခရမ်းပျိုးအဖြစ်မျိုး မဖြစ်ဖို့လိုသည်။ လူ့စွမ်းအား အရင်းအမြစ်ဖော်ထုတ်ရာတွင် လူမှန်၊ နေရာမှန်၊ အရည် အချင်းမှန် ရပ်တည်နိုင်ရေးသည် လွန်စွာမှပင် အရေးကြီး ပါကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။ ။