အင်အား ရစ်(ခ်)တာ စကေး (၄ ဒသမ ၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ရှား

နေပြည်တော်၊ ၇ မတ်

၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်၊ မြန်မာစံတော်ချိန် (၂၂) နာရီ၊ (၁၇) မိနစ်တွင် ကမ္ဘာအေး မြေငလျင်စခန်းမှ အနောက်ဘက် (၇၅) မိုင်ခန့် ကွာဝေးသော (ပုသိမ်မြို့၏ အရှေ့မြောက်ဘက် (၁၉) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၆.၈၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၀၀)ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ ငလျင်တစ်ခုလှုပ်ရှားသွားသည်။

အဆိုပါငလျင်သည် အင်အား ရစ်(ခ်)တာ စကေး (၄ ဒသမ ၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

MDN