နေပြည်တော် ၂၄ နိုဝင်ဘာ
ယနေ့၊ မြန်မာစံတော်ချိန် (၀၅)နာရီ၊ (၁၃)မိနစ်၊ (၄၆)စက္ကန့်အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်တောင်ဘက်(၇၂) မိုင်ခန့်ကွာဝေးသော မြန်မာ နိုင်ငံပြည်တွင်း (ဟိုပင်မြို့၏ အနောက်မြောက်ဘက် (၆)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၅.၀၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၆.၄၅)ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး(၄.၁)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တိုင်းထွာရရှိသည်။
MDN


