mdn

နေပြည်တော် ၁ ဒီဇင်ဘာလ

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀)နာရီ၊ (၄၂)မိနစ်၊ (၀၅) စက္ကန့် အချိန်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက်(၆၂)မိုင် ခန့်ကွာဝေးသော၊ မြန်မာနိုင်ငံပြည်တွင်း၊ (မိုင်းပြင်းမြို့၏ အနောက်မြောက်ဘက် (၂၇) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၆၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈.၇၁)ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

 

မိုး/ဇလ