၂၂ အောက်တိုဘာ

 

ယနေ့ မြန်မာစံတော်ချိန် (၁၈)နာရီ၊ (၃၅)မိနစ်၊ (၄၃)စက္ကန့်အချိန်တွင် အင်အားရစ်(ခ်)တာစကေး (၃.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

 

အဆိုပါ ငလျင်သည် မန္တလေးမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် (၅၃)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မုံရွာမြို့၏ အရှေ့အမြောက်ဘက် (၁၈)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၂.၂၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၃၃)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်သွားကြောင်းသိရသည်။

 

 Credit > မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန