၂၁ အောက်တိုဘာ

 

ယနေ့ မြန်မာစံတော်ချိန် (၁၆)နာရီ၊ (၄၄)မိနစ်၊ (၅၆)စက္ကန့်အချိန်တွင် အင်အားရစ်(ခ်)တာစကေး (၄.၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

 

အဆိုပါငလျင်သည် ဟားခါးမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် (၄၈)မိုင် ခန့်ကွာဝေး သော မြန်မာနိုင်ငံ ပြည်တွင်း (မင်းကင်းမြို့၏ အနောက်-အနောက်တောင်ဘက် (၁၁)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၂.၈၂)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၃၃)ဒီဂရီ၊ အနက် (၂၈)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်သွားကြောင်း သိရသည်။

 

Credit >မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန