အင်းစိန် ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်သို့ ပါဝင်ဆင်နွှဲသူများ၏ ရင်တွင်းပီတိစကားသံများ

အင်းစိန် ၇ စက်တင်ဘာ

 

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စက်တင်ဘာ(၆)ရက်နေ့ မှ(၇)ရက်နေ့အထိနံနက်(၉)နာရီအချိန်မှညနေ(၅)နာရီအချိန်ထိ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်လျက်ရှိရာ ကလေးစာပေပွဲတော်အား စီစဉ်ကြီးကြပ်သူများနှင့် ပါဝင်ဆင်နွှဲသူများ၏ ရင်တွင်းစကားသံများကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

 

ဒေါ်အေးအေးခိုင်(ခရိုင်ဦးစီးမှူး)

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန

 

 

ကလေးစာပေပွဲတော်ကိုကလေးများ စာအုပ်စာပေ၌နှစ်သက်မွေ့လျော်ကာ ရာသက်ပန်ပ ညာရှာ မှီးသူ များ ဖြစ်လာစေရန်၊ ပွဲတော်၌ပျော်ရွှင်စွာဆင်နွှဲရင်းစုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထ ကောင်းများရရှိ လာစေရန်နှင့်ပညာဗဟုသုတရော လူရည်လူသွေးပါပြည့်ဝ၍ အနာဂတ်တွင်တိုင်းပြည်အတွက် ဦးဆောင်ဦး ရွက်ပြုနိုင်သူများဖြစ်လာစေရန်ရည်ရွယ်၍ကျင်းပခြင်းဖြစ်ပါသည်။

 

ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတွေကိုဆုတွေချီးမြှင့်ပြီးတော့ ကျင်းပသွားဖို့တွေရယ်ဂိမ်းကစာနည်းအမျိုးမျိုးပေါ့နော် အရုပ်ဆက်ကစားနည်းတွေ၊ ခါးလှည့်ကွင်းကစာနည်း တွေစက္ကူခေါက်တွေကျင်းပသွားဖို့ဆိုပြီးကြတော့ပညာရေးဌာနနဲ့ကြတော့ညှိနှိုင်းကြတော့အခြေခံပညာဦးစီးဌာန ကျောင်းတွေသာမကကိုယ်ပိုင်ကျောင်းတွေပါပါဝင်ပြီးတော့ဆောင်ရွက်အောင်စီစဉ်ဆောင်ရွက်ထားရှိပါသည်။

 

ဒေါ်အေးသန္တာချစ်(ခရိုင်ပညာရေးမှူး)

အခြေခံပညာဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်

 

 

တိုင်းအဆင့်တွေခရိုင်အဆင့်တွေအကုန်လုံးကလေးစာပေပွဲတော်ကိုကျင်းပမယ်ဈေးရောင်းပွဲတော်တွေ ပါကျင်းပလာတဲ့အတွက်ကလေးတွေဟာစာပေကို အမြဲတမ်းလေ့လာလိုတဲ့ စိတ်တွေပိုမိုပြင်းထန်လာမယ်သူတို့ ကိုယ်တိုင်တွေခေါ်ကြံဆမှုတွေလည်းမြင့်တက်လာမယ်လို့မျှော်လင့်ရပါတယ်။

 

ဦးကျော်ကျော်ဟိန်း (ကလေးစာအုပ်သီးသန့်အရောင်းဆိုင်) KKH

 

 

ပြန်/ဆက်ကတော့ မြန်မာပြည်မှာရှိတဲ့ ကလေးသူငယ်တွေကို စာဖတ်ချင်တဲ့စိတ်ရှိအောင်ကျွန် တော်တို့စာအုပ်ဆိုင်ကိုကမ်းလှမ်းတယ်။ ကျွန်တော်တို့ဒီစာအုပ်ဆိုင်ကလည်းပြန်/ဆက်မှာလုပ်တဲ့ ပွဲတွေမှာ လာရောင်းပေးတဲ့အတွက် ကလေးတွေမှာစာအုပ်ရတယ်ဆိုတော့စာဖတ်ဖြစ်တယ်နိုင်ငံတော် အတွက် သားကောင်း ရတနာလည်းရတာပေါ့၊ ပြန်/ဆက်ကိုလည်း ကျေးဇူးတင်ပါတယ် ဒီပွဲလေးတွေအမြဲ ဆောင်ရွက်ပေးတဲ့အတွက်ကောင်းပါတယ်ကလေးတွေကအခုနောက်ပိုင်းပိုယဉ်ကျေးလိမ္မာလာတာတွေ့ရ တယ်ကျွန်တော်ဆိုင်ဆို စာအုပ်အမျိုးပေါင်း(၁၀၀)ကျော်ပါတယ်၊ ကလေးဉာဏ်စမ်းတွေ၊ စာအုပ်နဲ့ ပတ်သက်တဲ့စာပေတွေ၊ အင်္ဂလိပ်စာအခြေခံလေ့ကျင့်တဲ့စာအုပ်တွေအမျိုးပေါင်း(၁၀၀)ကျော်ပါတယ် စာအုပ် ရောင်းချမှုအားကလည်းကျွန်တော်ထက်တာထက်ရောင်းကောင်းပါတယ်။ 

 

ဦးစိုးမြင့်(မေတ္တာရှင်ရွှေပြည်သာ)

 

 

အခုဆိုစာအုပ်တွေရောင်းအားကောင်းတယ်။မနေ့ကဆို နှစ်ဆိုင်ပေါင်းကို(၁၀)သိန်းကျော်ဖိုးရောင်းရတယ်။

စာအုပ်တွေကလိုင်း(၂)မျိုးရှိတယ် အထက်လိုင်း၊ အောက်လိုင်းဆိုပြီးတော့အထက်လိုင်းကျတော့နည်းနည်း ဈေးကြီးတယ်။ အောက်လိုင်းကျတော့ငါးရာပဲရှိတယ်။ ကလေးတွေပါအဆင်ပြေသွားတယ်၊ တချို့စာအုပ်ဆို (၁၀၀၀) ဖိုး (၃)အုပ်ရှိတယ်ပေါ့ နောက်ပြီးကိုယ့်ခံစားချက်နဲ့ပြောရလို့ရှိရင် ဆရာတို့လည်းစာဖတ်လို့ကို မိသားစု(၄) ယောက်ထဲမှာချွန်ထွက် လာခဲ့တော့ စာမဖတ်ရင် အလကားပဲ စာမဖတ်တာဟာ စာမတတ်တာနဲ့ အတူတူပဲ၊ ဒီလို ကလေးစာပေပွဲမျိုးကိုကျောင်းတိုင်း၊ မြို့နယ်တိုင်းကျင်းပသင့်တယ် ဒါမှကလေးတွေကိုယ်ပိုင် အတွေးအခေါ်တွေ ရှိလာမှာ တော်တဲ့ဆရာ၊ တော်တဲ့မိဘဖြစ်စေချင်ရင် မိမိရဲ့တပည့်၊ မိမိရဲ့ သားသမီးကို ကိုယ့်ထက်သာအောင် ညွှန်ကြားနိုင်ရမယ်တဲ့၊ ကိုယ့်ထက်သာအောင် ဆိုလို့ရှိရင် ကိုယ့်ထက်စာဖတ်အား ကောင်း အောင် လုပ်ပေးစေချင်တယ်။

 

ဒေါ်ဆောင်းသဇင်(ကျောင်းသားမိဘ) အောင်ဆန်း

 

 

မြို့နယ်မှာလည်း စာစီစာကုံးလာပြိုင်ရင် အတွေ့အကြုံရအောင် စာစီစာကုံးနဲ့ပတ်သက်တဲ့စာကို ကျတော့ ကလေးစာပေပွဲကျင်းပတဲ့ အခါကျမှ စုဆောင်းလို့ရမှာလေ၊ အဲဒါကြောင့်မို့ သမီးလိုချင်တဲ့စာအုပ်တွေ၊ အချက်အလက်တွေကို အကုန်ရှာပေးတယ်နောက်ပြီး မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲလည်း သူဝင်ပြိုင်ရမှာဆို တော့ အဲဒါကြောင့် ဒီလိုပွဲလေး လုပ်ပေးတဲ့ အခါကျတော့ပိုပြီးတော့ သဘောကျတယ်၊ နောက်ဆိုအပြင်မှာ လိုက်ဝယ်ရမှာလေ အခုကြတော့ သမီး ကိုယ်လိုချင်တဲ့စာအုပ်လေးတွေကိုတစ်နေရာတည်းမှာ ဝယ်ပေးနိုင်တာပေါ့ အဲ့ဒါကြောင့်မို့ ကလေးစာပေပွဲတော် လုပ်ပေးတဲ့အတွက်ကြောင့် သဘောကျတယ်ပြောမယ်ဆိုလို့ရှိရင် တစ် နေရာတည်းမှာ အစုံရနိုင်တဲ့အတွက် ပိုသဘောကျတယ်၊ မခက်ခဲဘူး သမီးကလည်း စာပေကိုဝါသနာပါတယ်၊ နောက်ပြီး ကျွန်မတို့ငယ်ငယ်တုန်းကတော့ အဲလိုမရှိခဲ့ဘူးလေ အထွေထွေဗဟုသုတတွေလည်း အကုန်စာအုပ် ကနေလေ့လာရတာပဲဆိုတော့ စာ များများဖတ်မှပဲ လူတွေက လိမ္မာတာလေ အသိပညာဆိုတာလည်း စာဖတ်တဲ့လူမှသာလျှင် တိုးတက်မှုရှိတယ် လို့ကျွန်မကခံယူထားတယ်။

 

မောင်ကောင်းခန့်ဇော်(ကျောင်းသား)၊ နဝမတန်း၊ အ.ထ.က-၁(အင်းစိန်)

 

 

ပျော်ပါတယ်၊ အရမ်းပျော်တယ် ပြိုင်ပွဲတွေလည်းရှိတော့ ပြခန်းတွေနောက်ပြီးတော့လက်တွေ့ခန်း အခန်းတွေ၊ အာကာသပြပွဲတွေ၊ ပန်းချီပြိုင်ပွဲတွေရှိတဲ့အခါပိုပျော်ပါတယ်နောက်ပြီးကျန်တဲ့သူငယ်ချင်း တွေကိုလည်း ဒီစာပေ ပွဲတော်ကိုလာကြပါလို့ ၊ ဗဟုသုတလည်းရပါတယ်။

 

သတင်းဓာတ်ပုံ- နေမျိုးထွန်း၊ ဇင်မင်းထိုက်(ပြန်/ဆက်)