ဂျကာတာ ဇန်နဝါရီ ၁၂
အင်ဒိုနီးရှားနိုင်ငံသည် ပြည်ပမှ ဒီဇယ်သွင်းကုန်များတင်သွင်းခြင်းကို ၂၀၂၆ ခုနှစ်မှစတင်၍ ရပ်နားမည်ဖြစ်ကြောင်း စွမ်းအင်နှင့် သတ္တုအရင်းအမြစ်ဝန်ကြီး ဗာလီလာဟာ ဒါလီယာက ပြောကြားသည်။
ပြည်တွင်းတွင် လောင်စာဆီထုတ်လုပ်မှုစွမ်းရည် မြှင့်တင်ခဲ့ပြီးနောက် အထက်ပါအတိုင်း ဆောင်ရွက်ခြင်းဖြစ်သည်။ ယခုနှစ်မှစတင်၍ ဒီဇယ်ဆီတင်သွင်းခွင့် ခွင့်ပြုချက်လက်မှတ် ထုတ်ပေးမည်မဟုတ်ကြောင်း ၎င်းက ပြောကြားသည်။ သို့ရာတွင် ယမန်နှစ်က ခွင့်ပြုပေးခဲ့ခြင်းကြောင့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ဒီဇယ်ဆီများပြည်တွင်းသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ နိုင်ငံအတွင်း ယခုနှစ်မှစတင်၍ လောင်စာဆီထုတ်လုပ်သည့်နေရာများ ရှိနေခြင်းကြောင့် သမ္မတပရာဘိုဝို ဆူဘီရန်တို၏ ညွှန်ကြားမှုအရ ဒီဇယ်သွင်းကုန်များကို ခွင့်ပြုမည်မဟုတ်ကြောင်း ၎င်းက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


