ဂျကာတာ   ဇန်နဝါရီ   ၁၃

အင်ဒိုနီးရှားနိုင်ငံက  ပြည်တွင်းရေနံချက်စက်ရုံများ၏ ထုတ်လုပ်နိုင်စွမ်းကို   တိုးချဲ့လိုက်ပြီးနောက်  ၂၀၂၆  ခုနှစ်မှစတင်ကာ  ပုဂ္ဂလိက ဓာတ်ဆီဆိုင်များအတွက် ဒီဇယ်တင်သွင်းမှုများကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း အင်ဒိုနီးရှားစွမ်းအင်နှင့်သတ္တုအရင်းအမြစ်ဆိုင်ရာဝန်ကြီး ဘာလီလ်လာဟာ ဒါလီယာက ပြောသည်။

ယခုနှစ်မှစတင်ကာ ဒီဇယ်တင်သွင်းခွင့်ပါမစ်များကို ခွင့်ပြုပေးမည်မဟုတ်တော့ကြောင်း၊ ဒီဇယ်တင်သွင်းမှုရပ်ဆိုင်းခြင်းမှာ  ပုဂ္ဂလိက ဓာတ်ဆီဆိုင်များအတွက်လည်း  အကျုံးဝင်ကြောင်း၊  ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလကြားတွင် အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိလာမည့် ဒီဇယ်များမှာ ယမန်နှစ်က ခွင့်ပြုပေးထားပြီး ကျန်ရှိနေသော သွင်းကုန်တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဘာလီလ်က ပြောသည်။

သို့သော်လည်း ယခုနှစ်တွင် သမ္မတ ပရာဘိုဝိုဆူဘရီယန်တို၏ ညွှန်ကြားချက်အရ ရေနံချက်စက်ရုံများရှိပြီးဖြစ်သည့်အတွက် စွမ်းအင်နှင့် သတ္တုအရင်းအမြစ်ဝန်ကြီးဌာနအနေဖြင့် တင်သွင်းခွင့်ပါမစ်များကို ဆက်လက်ထုတ်ပေးသွားမည်မဟုတ်တော့ကြောင်း  ဘာလီလ်က ဆက်လက်ပြောကြား သည်။ အဆိုပါ   ရေနံချက်စက်ရုံမှာ   အရှေ့ကာလီ မန်တန်ပြည်နယ်  ဘာလီခ်ပါပန်မြို့တွင်ရှိသည့် Refinery Unit V ရေနံချက်စက်ရုံပင်မ  ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို   ညွှန်းဆိုခြင်းဖြစ်သည်။

အဆိုပါ စီမံကိန်းသည် တစ်ရက်လျှင် ရေနံစည်ပေါင်း ၃၆၀၀၀၀ အထိ ချက်လုပ်နိုင်မည်ဖြစ်ပြီး ယင်းပမာဏမှာ တစ်နိုင်ငံလုံးစက်သုံးဆီလိုအပ်ချက်၏ ၂၂-၂၅ ရာခိုင်နှုန်းခန့်နှင့် ညီမျှမှုရှိကြောင်း သိရသည်။          

ဆင်ဟွာ