ဩဂုတ် ၂၉
အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း မာလူကူပြည်နယ်တွင် ပြင်းအား ၆ ဒသမ ၁ ပမာဏရှိငလျင်လှုပ်ခတ်ခဲ့ကြောင်း၊ ဆူနာမီသတိပေးချက်ထုတ်ပြန်ထားခြင်းမရှိကြောင်း မိုးလေဝသ၊ ရာသီဉတုနှင့် ဘူမိရူပဗေဒအေဂျင်စီက ပြောသည်။
အဆိုပါငလျင်သည် ဂျကာတာစံတော်ချိန် ယနေ့မနက် ၁၁ နာရီ ၃၄ မိနစ်က မာလူကူပြည်နယ်၏အရှေ့တောင်ဘက် ၂၇၉ ကီလိုမီတာအကွာ ငလျင်ဗဟိုချက်ဖြင့် ပင်လယ်ကြမ်းပြင်အောက်အနက် ၂၂၁ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ထိုအေဂျင်စီကဆိုသည်။ ထိုငလျင်လှုပ်ခတ်မှုကြောင့် လှိုင်းကြီးမှုမရှိသကဲ့သို့ ဆူနာမီသတိပေးချက်လည်း ထုတ်ပြန်ခြင်းမရှိချေ။ ပါပူအာပြည်နယ်အနီးနားရှိ ဆိုရိုမြို့တွင်လည်း ယင်းငလျင် လှုပ်ခတ်ခဲ့သည်ဟု ၎င်းအေဂျင်စီက ထပ်လောင်းပြောသည်။
ထိုအားပြင်းငလျင်သည် မာလူကူခရိုင်တွင် သိသိသာသာလှုပ်ခတ်သွားခဲ့သော်လည်း ယင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှု သို့မဟုတ် ဒဏ်ရာရသေဆုံးမှုတို့နှင့်ပတ်သက်သည့်သတင်း လက်ရှိအချိန်အထိ မရရှိသေးကြောင်း မာလူကူပြည်နယ် သဘာဝလျော့ပါးရေးနှင့် စီမံခန့်ခွဲရေးအေဂျင်စီ၏အကြီးအကဲ ဆန်ဒီလူဟူလီမာက ပြောသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


