၇ ဧပြီ
မြို့တော် ဂျကာတာသည် အင်ဒိုနီးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရမှု အများဆုံးဖြစ်ပွားသောသော နေရာဖြစ်သဖြင့် ထပ်မံကူးစက်မှုကို ထိန်းချုပ်ရန် ကန့်သတ်ချက်များ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမည် ဖြစ်သည်။
ကန့်သတ်ချက်များ ချမှတ်ရန် ဖြစ်သော ဂျကာတာအစိုးရ၏ တောင်းဆိုချက်ကို အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်ဟု ထိုဝန်ကြီးဌာန အထွေထွေအတွင်းရေးမှူး အိုဆကာ ပရီဗာဒီ က ပြောကြားခဲ့သည်။
ကန့်သတ်ချက်များ ချမှတ်ရန် ဖြစ်သည့် တောင်းဆိုစာ အတည်ပြုချက်ကို ယမန်နေ့ ညနေက လက်ခံရရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပြီး အင်္ဂါနေ့တွင် မီဒီယာက ဖော်ပြခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုကြောင့် ၂၀၉ ဦး သေဆုံးခဲ့ပြီး ကူးစက်ခံရသူ အရေအတွက် ၂၄၉၁ ဦး ရှိသည်။
ဂျကာတာမြို့တော်တွင် အများဆုံးကူးစက်ခံရခြင်း ဖြစ်ကြောင်း ထို ကျန်းမာရေးဝန်ကြီးဌာန ပြောကြားချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


