mdn

ကလျာမိုးမြင့် - ရေးသားသည်

 

ကမ္ဘာ့လူဦးရေအထူထပ်ဆုံး နိုင်ငံတွေထဲကတစ်ခုဖြစ်တဲ့ အင်ဒိုနီးရှားဟာ တခြားသော အရှေ့တောင်အာရှ နိုင်ငံတွေလိုပဲ မဖိတ်ခေါ်ဘဲ ကျရောက်လာတဲ့ ကပ်ရောဂါဧည့်သည်ဆိုးကို နှင်ထုတ်ဖို့ ရင်ဆိုင်ကြိုးပမ်းနေရ ပါတယ်။ အင်ဒိုနီးရှားနိုင်ငံက ရောဂါထိန်းချုပ်နိုင်ဖို့အတွက် ၎င်းရဲ့ နယ်စပ်တွေကို ပိတ်ထားပြီးပြီဖြစ်ပေမယ့် ကျွမ်းကျင်သူတွေက အင်ဒိုနီးရှားရဲ့ လုပ်ဆောင်ချက် သိပ်ကိုနောက်ကျသွားပြီလားဆိုပြီး စိုးထိတ်နေကြတဲ့ အချိန်ပါ။

 

 

သတင်းအချက်အလက် ဖုံးကွယ်မှု ရှိသလား

 

နိုင်ငံအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်နဲ့ပတ်သက်ပြီး တရားဝင်ထုတ်ပြန်ဖော်ပြနေတဲ့ အချက် အလက်တွေဟာ အမှန်တကယ်ဖြစ်ပွားနေတဲ့ အရေအတွက်ပမာဏကို ဖုံးကွယ်လိမ်ညာ မှုရှိတယ်ဆိုတဲ့ သတိပေးစကားသံတွေလည်း ထွက်ပေါ်နေတာကြောင့် နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်က ရောဂါဖြစ်ပွားတဲ့ ပမာဏအားလုံးကို လွှမ်းခြုံရောက်ရှိအောင် မစွမ်းဆောင်နိုင်မှာကိုလည်း စိတ်ပူနေရပါတယ်။

 

အင်ဒိုနီးရှားနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး ကူးစက်ဖြစ်ပွားမှုကို ပြီးခဲ့တဲ့ မတ်လက စတင်ထုတ်ပြန် ခဲ့တာဖြစ်ပေမယ့် အခုလက်ရှိမှာတော့ အာရှဒေသတစ်ခုလုံးမှာ တရုတ်နိုင်ငံပြီးရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက် အများဆုံးနိုင်ငံအနေနဲ့ ဒုတိယနေရာလိုက်နေပါတယ်။ ဗိုင်းရပ်စ်ကြောင့် အသက် ဆုံးရှုံးရသူတွေထဲမှာ လူနာတွေနဲ့ အနီးကပ်ထိတွေ့ရတဲ့ အသက် ၃၀အရွယ် ဆရာဝန်နှစ်ဦး အပါအဝင် ကျန်းမာရေးလုပ်သား ၁၂ ဦးထက် မနည်း ပါဝင်ပါတယ်။

 

ကျန်းမာရေးဝန်ထမ်းတွေကို ခြိမ်းခြောက်နေ

 

အနောက်ဂျာဗားရှိ လူထုကျန်းမာရေး ဌာနတစ်ခုမှာ တာဝန်ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်း အမျိုးသမီး နိုဗစ်တာ ပါဝန်တီနဲ့ ၎င်းရဲ့သူနာပြုအဖွဲ့ဟာ ကျန်းမာရေးဝန်ထမ်းတွေကို ခြိမ်းခြောက်နေတဲ့ အခြေ အနေ တွေအပေါ်မှာ အထူးသတိပြု နေကြရပါတယ်။

 

လုပ်ငန်းဆောင်ရွက်ချိန်မှာ ဝတ်ဆင်ရမယ့် မိုးကာတွေနဲ့ ဆေးကုသရာမှာသုံးတဲ့ မျက်မှန်တွေ ဝေငှပေးဖို့ ၎င်းတို့ကရန်ပုံငွေ စုဆောင်းမှုလုပ်ဆောင်နေကြပါတယ်။ မိုးကာ တွေကို ပိုးသတ်ထားတဲ့အတွက် ဒါတွေကို ကျွန်မတို့ ပြန်သုံးလို့ရတယ်။ ကျန်းမာရေး အေဂျင်စီတွေဆီကနေ အကာအကွယ်ဝတ်စုံ တွေ ရောက်ရှိမလာခင်း ဒါကိုအသုံးပြုထားမှာ ဖြစ်တယ်။ N95 နှာခေါင်းစည်းတွေက ဈေး သိပ်ကြီးပြီး ရှာရခက်လို့ ကျွန်မတို့ အဲဒါကို ဝယ်သုံးဖို့ မတတ်နိုင်ဘူးလို့ နိုဗစ်တာက ပြောပြခဲ့ပါတယ်။

 

ကိန်းဂဏန်းအတိအကျရဖို့ခက်ခဲ

 

အာရှတစ်လွှားမှာ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ဖြစ်ပွားနေပြီး မျက်ခြည်ပြတ်ခံလို့ မရအောင်အထူးသတိထား စောင့်ကြည့်နေရတဲ့ ကိုရို နာဗိုင်းရပ်စ် ကပ်ရောဂါဆိုးကို ရင်ဆိုင် တိုက်ခိုက်တဲ့နေရာမှာ နိုဗစ်တာဟာ ရှေ့တန်း စစ်မျက်နှာတစ်ခုကနေ တိုက်ပွဲဝင်နေရပါ တယ်။ ကျွန်မမှာ စိတ်ဖိစီးမှုတွေသိပ်များနေလို့ ညဘက်ရောက်တိုင်း ကောင်းကောင်းမအိပ် စက်နိုင်ခဲ့ဘူး။ ဗိုင်းရပ်စ်ရှိနေတဲ့လူနာတွေလား၊  မရှိတဲ့လူနာတွေ ကွဲကွဲပြားပြားမသိရဘဲ နေ့စဉ်နေ့တိုင်း သူတို့နဲ့ အနီးကပ်ထိတွေ့ ဆက်ဆံရတယ်လို့ ၎င်းကပြောပြခဲ့ပါတယ်။

 

လန်ဒန်အခြေစိုက်ထားတဲ့ ကူးစက် ရောဂါဆိုင်ရာ ကိန်းဂဏန်းပုံစံဖော်ပြမှု ဌာနရဲ့ လေ့လာမှုအရ အင်ဒိုနီးရှား နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ရဲ့ ၂ ရာခိုင်နှုန်းလောက်ကိုသာ သတင်းဖော်ပြ ထားတယ်လို့ ပြီးခဲ့တဲ့ရက်သတ္တပတ်က ခန့်မှန်းချက်ထုတ် ပြန်ခဲ့ပါတယ်။ ဒီဖော်ပြချက်အရ အမှန်တကယ် ရောဂါကူးစက်ခံရ သူအရေအတွက်ဟာ ၉၈၀၀၀ ကျော်လောက်ရှိသွား နိုင်ပါတယ်။ သို့သော်လည်း ကျန်းမာရေးစစ်ဆေးမှု လိုအပ်ချက်တွေကြောင့် တခြား နိုင်ငံတွေမှာလိုပဲ ကိန်းဂဏန်းအတိအကျကို ရရှိနိုင်ဖို့ မသေချာဘူးလို့ သိရပါတယ်။

 

ကလေးငယ်တွေလည်းအန္တရာယ်ရှိ

 

ကပ်ရောဂါကို ကြောက်နေရတဲ့ ခုလို အချိန်မျိုးမှာ လူတွေသေဆုံးခဲ့ရင် အဲဒီလူက ကိုရိုန်ဗိုင်းရပ်စ်ကြောင့် သေတာမဟုတ်ဘူး။ ဗိုင်းရပ်စ်ပိုးမတွေ့ဘူးဆိုရင်တောင် ၎င်းတို့ရဲ့ အလောင်းတွေကို ပလတ်စတစ်အိတ်နဲ့ ထုပ်ပိုးပြီးမှ မြေမြှုပ်သင့်တယ်လို့ ဂျကာတာ အုပ်ချုပ်ရေးမှူး အာနီစ်ဘာဆာဒင်က ပြောပြခဲ့ပါတယ်။ သေတဲ့သူတွေထဲက တချို့မှာ ဗိုင်းရပ်စ်ရှိကောင်းရှိနိုင်တယ်။ တချို့လည်း ရှိချင်ရှိမယ်။ ဒါပေမယ့် စစ်ဆေးထားတဲ့ ရလဒ်ကတော့ ပြန်ရောက်မလာတော့ဘူးလို့ ၎င်းကဆိုပါတယ်။

 

အင်ဒိုနီးရှားနိုင်ငံမှာ သေဆုံးမှု ပိုမြင့်လာ တဲ့အထဲ ကလေးငယ်တွေလည်းပါဝင်နေတယ် လို့ သိရပါတယ်။ ကိုယ့်ကိုယ်ကိုယ် သတိထား စောင့်ကြည့်နေရတဲ့ အခြေအနေတစ်ခုလည်း ဖြစ်တယ်။လက်ရှိမှာ ကလေးငယ်လေဦးထက် မနည်း သေဆုံးခဲ့ပြီဖြစ်ပြီး ၎င်းတို့ထဲမှာ သုံးနှစ် အရွယ်ကလေးငယ်ဟာ အငယ်ဆုံးပဲလို့ ဒေါက်တာ အာမန် ပူလန်ဂန်က ပြောပါတယ်။

 

အာဏာပိုင်တွေငြင်းဆန်

 

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း အင်ဒို နီးရှားနိုင်ငံထဲမှာ ရောဂါကူးစက်မှုဟာ အဆီးအတားမဲ့ ပျံ့နှံ့နေတဲ့ အတွက် ကျန်းမာရေး စစ်ဆေးမှုလုံလောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိဘူးဆိုတဲ့ သတင်းစကားတွေကို အင်ဒိုနီးရှားအာဏာပိုင်တွေက ငြင်းဆန်ခဲ့ပါတယ်။ အစိုးရက တရုတ်နိုင်ငံ ဟန်မြို့နဲ့ ဘာလီကျွန်းဆီ တိုက်ရိုက် လေကြောင်းချီး စဉ်တွေကို အကုန်ရပ်နားထားခဲ့ပြီးပါပြီ။

 

ပြီးခဲ့တဲ့လအတွင်း အင်ဒိုနီးရှားသမ္မတ ကိုဒိုဒိုက အစိုးရဟာ ဗိုင်းရပ်စ်ပျံ့နှံ့မှုနဲ့ ပတ်သက်တဲ့ သတင်းအချက် အလက်တွေကို စိစစ်ဖော်ပြခဲ့တာက ပြည်သူလူထုတွင်း အထိတ်တလန့်ဖြစ်စေမှာကို မလိုလားတဲ့ အတွက်ဖြစ် ကြောင်း၊ လူမှုအဖွဲ့အစည်းအတွင်း ဆူပူအုံကြွမှုတွေ ပေါ်ပေါက်မလာစေချင်တဲ့အတွက်ကြောင့် အစိုးရက ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ အခုဆိုရင် နယ်စပ်တွေကိုလည်း ပိတ်ထားပြီး၊ သေဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေကိုလည်း အဝင်အထွက်ပိတ်ဆို့မှုတွေ ချမှတ်ဆောင်ရွက်ဖို့ အမိန့် ပေးထားပြီဖြစ်ပါတယ်။

 

အန္တရာယ်ပိုများလာ

 

အခုလက်ရှိအချိန်မှာ ဆိုရင်တော့ဖြင့် မြို့တော်ဂျကာတာဟာ အင်ဒိုနီးရှားတစ်နိုင်ငံ လုံးရဲ့ ကပ်ရောဂါကူးစက်မှု ဗဟိုချက်မတစ်ခု ဖြစ်နေတာကို တွေ့ရပါတယ်။ သို့သော်လည်းပဲ မကြာသေးခင် ရက်သတ္တပတ်တွေအတွင်း ထောင်နဲ့ချီတဲ့ လူတွေဟာ မြို့တော်ဂျကာတာကနေ တခြားနိုင်ငံတွေဆီက ၎င်းတို့ရဲ့ မိဘနေရပ်ထံကို ပြန်သွားကြတာကြောင့် ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အဆပေါင်းများစွာ တိုးပွားလာ နိုင်တဲ့ အန္တရာယ်က နိုင်ငံ တစ်ဝန်းလုံးကို ခြိမ်းခြောက်နေပါတယ်။

 

ဒီလိုအချိန်မှာ သမ္မတ ဂျိုကိုဝီဒိုဒိုကတော့ လူအများနဲ့ ထိတွေ့ဆက်ဆံခြင်းကိုရှောင်ရှား ပြီး နေအိမ်အတွင်းမှာသာ နေထိုင်ခြင်းကို ခိုင်ခိုင်မာမာလိုက်နာဆောင်ရွက်ကြဖို့ ရုပ်မြင် သံကြားကနေ ထုတ်လွှင့်ခဲ့တဲ့မိန့်ခွန်းက ( တစ်ဆင့် ပြည်သူတွေကို တိုက်တွန်းလျက်ရှိ ပါတယ်။

 

စည်ကားနေဆဲ

 

စီးပွားရေးဆိုင်ရာ လည်ပတ်စီးဆင်းမှုတွေကို ကျွန်ုပ်တို့ကဆက်လက်ထိန်းထားချင် တယ်။ ဒါပေမယ့် လူတိုင်းလူတိုင်း ဗိုင်းရပ်စ်ပျံ့နှံ့ကို ထိန်းချုပ်ရာမှာ အဓိကအရေးအကြီးဆုံး အချက်ဖြစ်တဲ့ လူအများနဲ့ ထိတွေ့မှုကနေ ရှောင်ရှားခြင်းကို လက်တွေ့လိုက်နာဆောင်ရွက် ဖို့မဖြစ်မနေလိုအပ်တယ်လို့ တိုက်တွန်း ခဲ့ပါတယ်။ မြို့တော်ဂျကာတာမှာ ကျောင်းတွေနဲ့ ပျော်ပွဲရွှင်ပွဲကျင်းပတဲ့နေရာတွေ၊ ရုပ်ရှင်ရုံတွေ အားလုံးကို ပိတ်ထားပြီးပြီဖြစ်ပေမယ့် လူအများစုဟာ နေအိမ်ကနေ လုပ်ငန်းဆောင်ရွက်ဖို့ အခက်အခဲရှိတဲ့အတွက် အများပြည်သူသယ်ယူ ပို့ဆောင်ရေးစနစ်တွေကတော့ စည်ကား နေတုန်းပါပဲ။ ။

 

ကိုးကား-ဆင်သွား၊ဘီဘီစီ