အင်္ဂပူ အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင် အင်္ဂပူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ယနေ့နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပွဲပြုလုပ်ခဲ့သည်။
ဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်ဘဏ်ခွဲမှ မြို့နယ်မန်နေဂျာ ဦးရည်မွန်က ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ချေးငွေများအား ပြေကျေအောင်ဆပ်နိုင်ခဲ့သည့် ဒယ်ပုတ်ကွင်းကျေးရွာအုပ်စုမှ တောင်သူများအား ဆောင်းစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးခဲ့သည်။
အင်္ဂပူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ကို စပါးတစ်ဧကလျှင် တစ်သိန်းခွဲနှုန်းနှင့် အခြားသီးနှံတစ်ဧကလျှင် တစ်သိန်းနှုန်းဖြင့် ထုတ်ချေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)


