အင်္ဂပူ ၁၇ အောက်တိုဘာ

ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၄ အုပ်စုမှ‌ ကျေးရွာ(၁၀)ရွာများတွင် ယနေ့ညနေပိုင်းက ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ အမိုးလန်ပြိုကျ ပျက်စီးခဲ့ကြောင်း သိရသည်။

 

hadfh

 

အဆိုပါရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် ကွင်းကောက် (တောင်)ကျေးရွာအုပ်စု ၊ ကျီကြီးကျေးရွာအုပ်စု၊ ဆုံကုန်းအုပ်ကျေးရွာအုပ်စုနှင့် မှတ်တိုင်ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများတွင် လူနေအိမ်များ အမိုးလန် ပြိုကျပျက်စီးခဲ့ပြီး စုစုပေါင်း လူနေအိမ် ၂၅ လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် တိရိစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

မန်းကျော် (ပြန်/ဆက်)