၂၀ ဇန်နဝါရီ

 

အစ္စဘဲလ် ဒိုဆန်တို့စ် ဟာ ဖခင်ဖြစ်သူ သမ္မတတာဝန် ထမ်းဆောင်နေစဉ် နိုင်ငံပိုင် မြေ၊ ရေနံတွင်း၊ စိန်တွင်းနဲ့ ဆက်သွယ်ရေးလုပ်ငန်းများအပေါ် အမြတ်ထုတ်ခြင်းဖြင့် အာဖရိကရဲ့ အချမ်းသာဆုံးအမျိုးသမီး ဖြစ်လာပါတယ်။

 

အန်ဂိုလာနိုင်ငံဟာ တောင်အာဖရိကတိုက်ရဲ့ သဘာဝ သယံဇတပစ္စည်းများနဲ့ ကြွယ်ဝတဲ့ နိုင်ငံဖြစ်ပါတယ်။ စိန်ကို အဓိကထားပြီး ထုတ်လုပ်တဲ့ အင်ဂိုလာနိုင်ငံဟာ အာဖရိတိုက်ရဲ့ ရေနံထွက်ရှိရာ ဒုတိယအကြီးဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။

 

‌ေ‌ေ၃န

 

အန်ဂိုလာနိုင်ငံသမ္မတဟောင်း ဂျိုဆေး အက်ကွာဒို ဒို ဆန်တို့စ် ရဲ့သမီး အစ္စဘဲလ် ဒို ဆန်တို့စ် နဲ့ သူမရဲ့ခင်ပွန်း ကွန်ဂိုလူမျိုး ဆင်ဒီကာ ဒိုကိုလို တို့ဟာ တန်ဖိုးကြီးမားတဲ့ နိုင်ငံပိုင်ပစ္စည်းတွေကို ဝယ်ယူခွင့်ရရှိထားတဲ့ အထောက်အထားများအား နယူးယောက်အခြေစိုက် နိုင်ငံတကာ စုံစမ်းထောက်လှမ်း သတင်းသမားများအဖွဲ့ (ICIJ) က ရရှိထားပြီး ဖြစ်ပါတယ်။

 

ICIJမှာ ရရှိထားတဲ့ အထောက်အထား ဖိုင်ပေါင်း ၇၁၅,ဝ၀ဝ ထဲမှာ အစ္စဘဲလ် ဒိုဆန်တို့စ် ရဲ့ ဘီလီယံနဲ့ ချီပြီး တန်ဖိုးရှိတဲ့ စီးပွားရေးလုပ်ငန်းတွေအကြောင်း ပါဝင်ပါတယ်။

 

အာဖရိကရဲ့ အချမ်းသားဆုံး အမျိုးသမီးဟာ ဗြိတိန်နိုင်ငံကို သူမရဲ့အိမ်အဖြစ် ပြုလုပ်ထားပြီး လန်ဒန်မြို့လယ်ရှိ တန်ဖိုးကြီးမားတဲ့ အိမ်တွေပိုင်ဆိုင်ထားပါတယ်။

 

သူမကို အန်ဂိုလာ အာဏာပိုင်တွေက လာဘ်ပေးလာဘ်ယူမှု တွေအတွက် စုံစမ်းစစ်ဆေးနေပြီး အန်ဂိုလာနိုင်ငံတွင်းရှိ သူမပိုင်ပစ္စည်းတွေကို အထုတ်အသွင်းမရှိအောင် ထိန်းသိမ်းထားပြီး ဖြစ်ပါတယ်။

 

အစ္စဘဲလ် ဒို ဆန်တို့စ်ပိုင် ပစ္စည်းတွေဟာ အမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံ တန်ဖိုးရှိကြောင်း Forbes မဂ္ဂဇင်းက ပြီးခဲ့တဲ့နှစ်က ခန့်မှန်းထားပါတယ်။

 

်၅၅၄

 

အန်ဂိုလာ အစိုးရပိုင် ရေနံကုမ္ပဏီ Sonangol ရဲ့ အကြီးအကဲအဖြစ် ကနေ ၂၀၁၇ ခုနှစ်မှာ လက်ရှိ သမ္မတက အစ္စဘဲလ်ကို ဖြုတ်ချလိုက်ပါတယ်။ အစ္စဘဲလ် က လာမယ့် ၂၀၂၂ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ သမ္မတအဖြစ် ရွေးချယ်ခံဖို့ စိတ်ကူးထားကြောင်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပြောပါတယ်။

 

ICIJဟာ သတင်းသမားပေါင်း ၁၂၀ ဦး ပါဝင်တဲ့ နယူးယောက်အခြေစိုက် နိုင်ငံတကာ စုံစမ်းထောက်လှမ်း သတင်းသမားများအဖွဲ့ ဖြစ်ပြီး နိုင်ငံပေါင်း ၂၀ မှာရှိနေပါတယ်။

 

MDN

ကိုးကား -AFP