နေပြည်တော် ၃၀ နိုဝင်ဘာ
မူးယစ်တပ်ဖွဲ့စု(၆)ကသာမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၉ ရက် မွန်းလွဲ ၁ နာရီက အင်းတော်မြို့နယ်၊ ကျောင်းကုန်းကျေးရွာ၊ ကျောင်းကုန်း-ထီးချိုင့်သွား ကားလမ်း၊ မိုင်အမှတ်(၁/၁)အနီးတွင် စိန်မောင်(ခ)ခွန်စိတ်မောင် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းစိမ်း ၁၃ ကီလိုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
အလားတူ ယင်းနေ့မွန်းလွဲ ၃ နာရီခန့်က မိုင်းရယ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းရယ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဟန်နောင်ရပ်နေ စိုင်းပထွန်း၏ နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ ဇနီး မပါပီးအားတွေ့ရှိပြီး ၎င်းတို့ထံမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁,ဝ၀ဝ နှင့် မြန်မာငွေကျပ် ၇၀,ဝ၀ဝ တို့ကို လည်းကောင်း။
ထို့အတူ ယင်းနေ့ည ၁၀ နာရီက မူးယစ်တပ်ဖွဲ့စု(၅၈)မိုးမိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမိတ်မြို့နယ်၊ မိုးဟောက်ကျေးရွာအုပ်စု၊ ဘော်ဒေကျေးရွာအထွက်၊ မိုးမိတ်-တွင်းငယ်သွား ကားလမ်းတွင် မမာမာဝင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,ဝ၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မိုးမိတ်မြို့နယ်၊ မိုးဟောက်ကျေးရွာအုပ်စု၊ ဘော်ဒေကျေးရွာနေ မာတူး၏နေအိမ်ကိုရှာဖွေရာ ၎င်းအား လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား


