အင်းတော်   ၁၉  ဧပြီ  

 

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်၌  ၂၀၁၈-၂၀၁၉ ခုနှစ် နွေစပါး ၆၉၄ ဧက စိုက်ပျိုးရန်လျာထားခဲ့ရာမှ ၁၁၁၅ ဧက အမှန်စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ပြီးရာခိုင်နှုန်း ၁၆၀ ဒသမ ၆၆ ရှိကြောင်း   စပါးမျိုးကွဲအလိုက်စိုက်ဧကမှာ ဆင်းဧကရီ(၃) ၉၈၆ ဧက၊ မှော်ဘီ(၂) ၇ ဧက ဆင်းသွယ်လတ် ၁၂၂ ဧက၊ စုစုပေါင်း ၁၁၁၅ ဧက စိုက်ပျိုးအောင်မြင်ခဲ့ကြောင်း  အင်းတော်မြို့နယ်စိုကိပျိုးရေးဦးစီးဌာနမှ ဒုတိယမြို့နယ်ဦးစီးမှူး ဦးသာဆန်းက ပြောသည်။

 

အင်းတော်မြို့နယ်၌ ၂၀၁၇-၂၀၁၈ ခုနှစ် နွေစပါးဧက ၆၆၀ စိုက်ပျိုးရန်လျာထားခဲ့ရာမှ အမှန်စိုက်ဧက ၇၃၉ (ဆင်းဧကရီ-၃ စပါးမျိုး) ကို စိုက်ပျိုးနိုင်ခဲ့ပြီး ရိတ်သိမ်းဧက ၇၃၉ တွင် တစ်ဧကအထွက်နှုန်း ၉၀ ဒသမ ဝ၄ ထွက်ရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

 

"နွေစပါးကို ယခင်နှစ်ထက်စိုက်ဧက ၃၇၆ ပိုစိုက်ပျိုးနိုင်ခဲ့ပါတယ် မြေပဲခင်းထက်ကုန်ကျစရိတ် သက်သာပြီး သီးနှံအထွက်နှုန်းနဲ့ ဈေးနှုန်းများပိုမိုတဲ့အတွက် နွေစပါးများ တိုးချဲ့စိုက်ပျိုးလာကြတာဖြစ်ပါတယ် အင်းတော်မြို့နယ်မှာ အများဆုံးစိုက်ပျိုးတဲ့အုပ်စုများက နန့်ခင့်အုပ်စုရှိ ကွင်းအမှတ် ၁၀၃၅ (အောင်မင်္ဂလာကွင်း) နတ်မဟုတ်ကလေးအုပ်စု ခရမ်းစပ်ကုန်းအုပ်စုများမှာ နွေစပါးသီးနှံကိုအများဆုံး စိုက်ပျိုးကြပါတယ်  ကျွန်တော်တို့ စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်တွေ ကွင်းဆင်းစစ်ဆေးကြည့်ကြတော့ နွေစပါးစိုက်ပျိုးကြတဲ့ ဧကအားလုံး အောင်မြင်ကြတာ တွေ့ရပါတယ် " ဟု အင်းတော်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယမြို့နယ်ဦးစီးမှူး ဦးသာဆန်းက ပြောသည်။

 

ကိုမင်း(အင်းတော်)

 

received_2