အင်းတော် ၂၇ မတ် 

 

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မံဟဲကျေးရွာအုပ်စု နန့်စီးအောင်(ပေကုန်း)ကျေးရွာတွင် ယနေ့ နံနက် ၁၀ နာရီက သင်္ကြန်ကာလအတွင်း မှုခင်းကျဆင်းရေး လုပ်ငန်းများဖြစ်သည့် ဆေးအရောင်းဆိုင်များတွင် ကာမစိတ်ကြွဆေးပြားများ ရောင်းဝယ်ခြင်း၊ အရက်သေစာ မူးယစ်သောက်စားခြင်းနှင့် အရောင်းဆိုင်များမှ ဓားများကိုင်ဆောင်သွားလာ၍ ရမ်းကားခြင်းများ မပြုလုပ်နိုင်စေရေးအတွက် လှည့်လည်စစ်ဆေးကာ အသိပညာပေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

e

 

"မကြာခင် မဟာသင်္ကြန်ပွဲတော် ရောက်ရှိလာတော့မှာဖြစ်လို့ မှုခင်းကျဆင်းရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ အထူးသဖြင့် ပေကုန်ကျေးရွာအတွင်းမှာရှိတဲ့ ဆေးဝါးပစ္စည်းအရောင်းဆိုင်တွေ ကုန်စုံဆိုင်တွေမှာ ကာမစိတ်ကြွဆေးပြားတွေ ရောင်းချမှု ရှိ မရှိ၊ ကားလမ်းဘေးက ဓားအရောင်းဆိုင်တွေမှာ ဓားအသစ်တွေကို လက်လွတ်စပယ် ရောင်းချတာတွေ၊ မူးယစ်သောက်စားပြီး ဓားကိုင်သောင်းကျန်းတာတွေ မရှိရအောင် အသိပညာပေး စစ်ဆေးဆောင်ရွက်နေတာပါ"ဟု နန့်စီးအောင်(ပေကုန်း)ကျေးရွာ ရဲကင်းစခန်းပိုင်နယ်မြေ ခေတ္တစခန်းမှူး ဒုရဲအုပ်သက်ဦးမောင်က ပြောသည်။

 

ထို့အပြင် မဟာသင်္ကြန်ကာလအတွင်း ဆိုင်ကယ်များနှင့် အိတ်ဇောတပ်ဆိုင်ကယ်များ စည်းကမ်းမဲ့မောင်းနှင်ခြင်း လူနှစ်ဦးထက်ပိုမိုမောင်းနှင်ခြင်း၊ ဒုတ်ဓားလက်နက်များယူဆောင်၍ သွားလာခြင်း၊ ဆေးဝါးအရောင်ဆိုင်နှင့် ကုန်စုံဆိုင်များတွင် ကာမရာဂစိတ်ကြွဆေးများ ရောင်းချခြင်းတို့ကို ဆောင်ရွက်ထားရှိမှု မရှိစေနိုင်ရေးအတွက် ကျေးရွာအတွင်းနှင့် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် လှည့်လည်ကာ မှုခင်းကျဆင်းရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။ 

 

မှုခင်းကျဆင်းရေး အသိပညာပေးလုပ်ငန်းများကို နန့်စီးအောင်(ပေကုန်း) ရဲကင်းခေတ္တစခန်းမှူး ဒုရဲအုပ် သက်ဦးမောင်နှင့်အဖွဲ့၊ ဒေသအရန်မီးသတ်တပ်စုမှူး ဦးရွှေလှနှင့်အဖွဲ့၊ နယ်မြေပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်စိုး၊ ကျေးလက်ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာမှ တာဝန်ရှိသူများ ပါဝင်သောအဖွဲ့တို့က စုပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။

 

ဝ၇၈

 

e