အင်းတော် ၁၄ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် အင်းရွာကျေးရွာအနီးရှိ ကြက်မွေးမြူရေးခြံတွင် ဇန်နဝါရီလ ၁၃ ရက် ည ၆ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုမှာ အင်းတော်-ဗန်းမောက်သွားကားလမ်းဘေး အင်းရွာကျေးရွာအနီးရှိ အင်းတော်မြို့နေ ဒေါက်တာစံဦး၏ ကြက်မွေးမြူရေးခြံတွင် ကြက်သားပေါက်များ အပူပေးရန် တပ်ဆင်ထားသော မီးလုံးမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။
မီးလောင်မှုကြောင့် ဝါးခင်း၊ ဝါးကာ၊ သွပ်မိုး၊ ကြက်ခြံ(၅)ခြံ၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး၊ နေအိမ် တန်းလျား(၁)လုံး၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး လူနေအိမ်(၁)လုံး၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုးဂိုဒေါင်(၂)လုံး၊ ကြက်ကောင်ရေ(၅၀)ခန့်၊ စပါးတင်း (၅၀ဝ) မီးလောင်ဆုံးရှုံးခဲ့ပြီး ဒေါက်တာစံဦးအား အင်းတော်မြို့မ ရဲစခန်းမှ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
လူအောင်(ကသာ)


