အနုပညာအလုပ်များ လုပ်ကိုင်နေသည့် ရဝမ်လူမျိုး ဆာယာဆောင်းဦး

၁၈ စက်တင်ဘာ 


အနုပညာအလုပ်တွေကို လုပ်ကိုင်ဖို့အတွက် နယ်မြို့လေးတစ်မြို့ကနေ ရန်ကုန်မြို့အထိ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ရင်း ရောက်ရှိလာခဲ့သည့်  ကချင်ပြည်နယ် ပူတာအိုမြို့မှ ဆာယာဆောင်းဦးဆိုသည့် ရဝမ် နှင့် လီဆူ ၊ ကချင်  (ကပြား)လူမျိူး မိဘနှစ်ပါးမှ မွေးဖွားလာသူ ၊ သူ၏  ကြိုးစားမှုများက အရာထင်ခဲ့သည် ဟုဆိုရမည်။  ပထမဆုံးအနုပညာ ခြေလှမ်းအဖြစ် " စကားဝါ " အခမဲ့ သရုပ်ဆောင်သင်တန်းကို တက်ရောက် ခဲ့သူဖြစ်သည်။

" ဆရာဦးအုန်းခိုင်ဆီမှာ တက်ခဲ့တာပေါ့နော် ၊တကယ်ကို ဆရာဆီကပညာတွေ အများကြီးရခဲ့ပါတယ် ၊ အနုပညာလောကကြီးထဲမှာ နေထိုင်နည်းတွေ၊ ပြောဆိုဆုံးမပေးတယ်၊ သရုပ်ဆောင်ပိုင်းဆိုလည်း သေချာ သင်ကြားပေးပါတယ်၊ သင်တန်းတက်တာ ကာလကြာရှည်ခဲ့ပေမယ့် ဒီလောကထဲမှာ ဝင်ဆံ့ဖို့ဆိုတာ မလွယ် ကူဘူး။ အဆက်အသွယ်ကလည်းမရှိဘူးလေ။ အဲ့လိုနဲ့ ရန်ကုန်နဲ့ ပူတာအိုကို သွားလိုက်လာလိုက် သင်တန်း လေးတွေတက်လိုက်နဲ့ လုပ်နေရင်းကနေ ၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ မှာ ပြုလုပ်တဲ့ Miss   Nwe Year 2018 ခုနှစ်ရဲ့ Winner အဖြစ် ရွေးချယ်ခံခဲ့ရပါတယ် ၊ အဲ့နောက်ပိုင်း  ညီမ Show ပွဲတွေဆက်တိုက် လျှောက်ဖြစ်ခဲ့ တယ် ၊ ကြော်ငြာဆိုလည်း မင်းသား ဇမ်းခီ နဲ့  အော်ရီဒူး ဆင်းကဒ် ကြော်ငြာလေးစရိုက်ဖြစ်ခဲ့တယ် ၊၂၀၁၈ ခုနှစ် (၅) လပိုင်း မှာတော့ Luckyseven ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးတဲ့ " ဟီးရိုး  " ရုပ်ရှင်ဇာတ်ကားမှာ ကိုမြင့်မြတ်ရဲ့ ညီမအဖြစ် ပထမဆုံး သရုပ်ဆောင်ရပါတယ် ၊ အဲ့ကားကို ပြင်ဦးလွင်မှာ ရိုက်နေတုန်း ဆရာဒါရိုက်တာ စတီး ( ဒွေးမေတ္တာ) ကနေ" နိုင်ငံကြီးသား "ရုပ်ရှင် ဇာတ်ကားမှာ ပါဝင်ဘို့ ပြောလာတယ် ၊ဒီကားကတော့ ညီမရဲ့ ဒုတိယမြောက် သရုပ်ဆောင် ဖြစ်ခွင့်ရတဲ့ ကားပါ ၊ အဲ့ထဲမှာတော့ခေတ် ဆန်တဲ့ ကောင်မလေး တစ်ယောက်နေရာကနေ သရုပ်ဆောင်ရပါတယ် " ဟု ပြောဆိုသည်။ 

တိုင်းရင်းသူဖြစ်တာကြောင့်  စကားပြောဆိုမှုပိုင်းတွင် အားနည်းချက်များရှိနေကြောင်း ၊ ထို့ကြောင့် ကြုံတွေ့ ရသည့် အခက်အခဲတွေနှင့်  အနုပညာအပေါ်ထားရှိသည့် ခံယူချက်တွေ ကိုလည်းယခုလိုဖွင့်ဟခဲ့သည် ။ " အခက်အခဲကတော့ စကားပြောတာက မပီသဘူး ၊ သ နဲ့ လတောင် ကွဲအောင်ပြောနိုင်ဘူး ၊အဲ့တော့ ဇာတ်ကား ရိုက်တဲ့အခါ အခက်တွေ့ရတာပေါ့ နော် အဲ့ဒါလေးတွေတော့ရှိတယ် ၊အထူးသဖြင့် ညီမအားကျရတဲ့  မင်းသမီးထဲမှာဆို မခိုင်သင်းကြည်ကို အားရတယ် သူစကားပြောရင် ညီဆို ငေးကြည့်နေရတာ ၊ပြီးတော့ ရွှေမှုံရတီဆိုလည်း စကားပြောရင် အရမ်းသွက်လို့ အားကျမိတယ် ၊သူတို့ လိုပြောချင်တယ် " ဟု ဆိုသည် ။


 အလှမယ် တစ်ယောက် အဖြစ်ကနေ သရုပ်ဆောင်ဖြစ်လာခဲ့သူတစ်ယောက် အနေဖြင့်  မွေးရပ်မြေမှာ လိုအပ်နေသည့် အရာတွေအတွက် ဖြည့်ဆည်းပေးနိုင်သူ တစ်ဦးဖြစ်ခွင့်ရရန် ပြင်ဆင်နေကြောင်း  ပညာရေး အားနည်းနေသော ယင်းမြို့လေးကို ပညာရေးအတွက် ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ချက်တွေ ထားရှိထား ကြောင်းလည်း သိရရှိရသည်။

ကိုလင်း