မင်းဘူး ၅ ဧပြီ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အားကစားနှင့် ကာယပညာဦးစီးဋ္ဌာနမှ ကြီးမှူးကျင်းပသော (၅) မြို့နယ် အလွတ်တန်းနှင့် အသက် (၂၀)အောက် အပြည်ပြည်ဆိုင်ရာ စစ်တုရင်ပြိုင်ပွဲကို ဧပြီ ၄ ရက် နံနက် ၈ နာရီက ကျင်းပခဲ့ရာ ဆုရရှိသူများကို ယနေ့မွန်းလွဲ ၂ နာရီခွဲက မင်းဘူးခရိုင် အားကစားခန်းမတွင် ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
စစ်တုရင် ပြိုင်ပွဲတွင် အလွတ်တန်း ပထမဆုကို ငဖဲမြို့နယ်၊ ဒုတိယဆုကို ပွင့်ဖြူမြို့နယ်၊ တတိယဆုကို စလင်းမြို့နယ်မှ လည်းကောင်း၊ အသက် (၂၀)အောက် စစ်တုရင်ပြိုင်ပွဲတွင် ပွင့်ဖြူမြို့နယ်၊ ဒုတိယဆုကို စလင်းမြို့နယ်၊ တတိယဆုကို မင်းဘူးမြို့နယ်မှလည်းကောင်း၊ အသင်းလိုက်ဆုကို ငဖဲမြို့နယ်မှ ဆုများ အသီးသီးရရှိခဲ့ကြသည်။
အဆိုပါ ဆုရရှိသူများကို မကွေးခရိုင်အားကစားနှင့် ကာယပညာဦးစီးဋ္ဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးမျိုးသက်နှင့် တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင် အားကစားသမား (၂၈)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)


