နေပြည်တော် ၂၈  မတ်

အပြည်ပြည်ဆိုင်ရာ ကလေးများကျောင်း (International School Yangon- ISY)ကို နေပြည်တော်၌ လာမည့် စက်တင်ဘာတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းသား ၂၄ ဦး လက်ခံသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

Junction Hotel ဝင်းကြီးအား အပြည်ပြည်ဆိုင်ရာ ကလေးများကျောင်း (ISY) နေပြည်တော်အဖြစ် ပြောင်းလဲဖွင့်လှစ်သွားမည်ဖြစ်ပြီး  ရန်ကုန် ISY ကျောင်းတွင် သင်ကြားပေးနေသော အမေရိကန်သင်ရိုးညွှန်းတမ်းများအတိုင်း မူလတန်းကြိုမှ Grade- 8 အထိ သင်ကြားမည်ဖြစ်ကြောင်း ISY ဒါရိုက်တာ Dr.Gregory A.Hedger ကပြောသည်။

 

mdn

 

ကျောင်းဝင်ကြေးနှင့် အသေးစိတ်ကို အပြည်ပြည်ဆိုင်ရာ ကလေးများကျောင်း (ISY) ဝက်ဆိုက်ဖြစ်သည့် https://www.isyedu.org/isy-nay-pyi-taw/isy-nay-pyi-taw-admissions တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာကလေးများကျောင်း (ISY)သည် Western Association of Schools and Colleges (WASC)၏ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရ ကျောင်းတစ်ခုဖြစ်ပြီး ရန်ကုန်မြို့၌ ၁၉၅၅ ခုနစ်တွင် စတင်တည်ထောင် ဖွင့်လှစ်ခဲ့သည်။

 

mdn

 

ယခုအခါ Grade- 12 အထိ သင်ကြားပေးနေပြီး နိုင်ငံပေါင်း ၄၈ နိုင်ငံမှ ပြည်တွင်း၊ ပြည်ပ ကျောင်းသားပေါင်း ၈၀ဝ ခန့် တက်ရောက်ပညာသင်ယူနေကြောင်း သိရသည်။ 

တာယာမွှေး

 

mdn