နေပြည်တော် ၂၀ ဧပြီ

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံဘုရားမြောက်ဘက်မုခ် သွေးဆေးကန်အတွင်း၌ အပူချိန်မြင့်မားမှုကြောင့် ဧပြီ ၁၉ ရက် ညနေ ၅ နာရီ ၁၀ မိနစ်ခန့်က ငါးများသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ရွှေဝါ ငါးကြင်း၊ ငါးခူနှင့် အခြားဘေးမဲ့လွှတ်ထားသော ငါးများ စုစုပေါင်း ကောင်ရေ (၈၀)ခန့် သေဆုံးခဲ့သဖြင့် သွေးဆေးကန်တွင် တာဝန်ရှိသူများမှ ငါးအသေများအား ဆယ်ယူပြီး ည ၇ နာရီ ၁၅ မိနစ်တွင် သွေးဆေးကန်၏ အရှေ့မြောက်ထောင့်၌ မြေမြှုပ်ပေးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

 

MDN