အပူလှိုင်းကျရောက်နိုင်မှုနှင့်ပတ်သက်ပြီး ဇင်ဘာဘွေမိုးလေဝသကျွမ်းကျင်သူများ သတိပေး

ဟာရာရီ   မတ်   ၆

မတ် ၆ ရက်မှ   ၁၂ ရက်အထိ အပူချိန် ၃၆ ဒီဂရီဆဲလ်စီးယပ်စ်မှ ၄၁ ဒီဂရီဆဲလ်စီးယပ်စ်အထိ နိုင်ငံ အတွင်း အပူလှိုင်းကျရောက်နိုင်မှုနှင့်ပတ်သက်ပြီး    ဇင်ဘာဘွေ မိုးလေဝသကျွမ်းကျင်သူများ က သတိပေးထားသည်။

ဇင်ဘာဘွေနှင့်    အာဖရိကတောင်ပိုင်းဒေသအများအပြားမှာ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်များ၏  အကျိုးဆက်များနှင့် ရင်ဆိုင် ကြုံတွေ့နေကြရကြောင်း    သိရသည်။   အပူဒဏ်ကြောင့်   ရုတ်တရက်   သေဆုံးခြင်းအပါအဝင် ကျန်းမာရေးနောက်ဆက်တွဲဆိုးကျိုးများ  ဖြစ်ပေါ်စေနိုင်သည့်အတွက်        နေရောင်အောက်တွင်  အချိန်ကြာမြင့်စွာ  နေထိုင်မှုကို  ရှောင်ရှားရန်နှင့်    ရေဓာတ်မဆုံးရှုံးစေရန်     ပြည်သူများကို မိုးလေဝသဌာနက အကြုံပြုထား သည်။ 

ထိုကာလတွင်   နေရာကွက်ကျားထစ်ချုန်းမိုးများလည်း ရွာသွန်းနိုင်ကြောင်း အဆိုပါ ဌာနက ပြောသည်။                

ဆင်ဟွာ