အရာတော် ၁၉ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်အတွင်းရှိ ကျေးရွာ(၄)ရွာတွင် ဧပြီ ၁၈ ရက်နေ့ ညနေပိုင်းက မိုးသက်လေပြင်းများ ကျရောက်မှုကြောင့် လူနေအိမ်အဆောက်အဦများနှင့် သာသနိက အဆောက်အဦအချို့ ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးသက်လေပြင်းကျရောက်ခြင်းသည် ညနေ(၆.၃၀)အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၄င်းမိုးသက်လေပြင်းကြောင့် ဝါးတန်းကျေးရွာတွင် လူနေအိမ်(၅၄)အိမ်၊ ရွာရှည်ကျေးရွာတွင် လူနေအိမ်(၂၉)အိမ်၊ ဆူးလေကုန်းကျေးရွာတွင် လူနေအိမ် (၁၄)အိမ်၊ ငွေတွင်းကုန်းကျေးရွာတွင် လူနေအိမ်(၄၂)အိမ်နှင့် သာသနီက အဆောက်အဦ (၃)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်ခဲ့သော ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေရာသို့ ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝဏ္ဏနှင့် ခရိုင်/မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ သွားရောက် ကြည့်ရူ့ခဲ့ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


