တိုကျို၊ ဩဂုတ် ၂၈

ဂျပန်အစိုးရသည် အရေးပေါ်အခြေအနေ ဖြစ်ပေါ် လာပါက ပြည်သူများ ပြောင်းရွှေ့နေထိုင်နိုင်သော မြေအောက်တိမ်းရှောင်ရေးစခန်းများဆောက်လုပ်ခြင်း အစီအစဉ်တစ်ရပ်ကို ရေးဆွဲလိုက်ပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ တိမ်းရှောင်ရေး အဆောက်အအုံများကို အိုခီနာ ပါစီရင်စုရှိ ဆာကိရှီမာကျွန်းပေါ်တွင် စတင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း အစိုးရက ပြော သည်။

အဆိုပါနေရာသည် ကျွန်း၏ ဝေးလံခေါင်သီ သော နေရာတွင်ရှိသောကြောင့် ဒေသခံများကို ဂျပန်နိုင်ငံရှိ အခြားသောနေရာများသို့ လျင်မြန်စွာပြောင်းရွှေ့ရန် ခက်ခဲဖွယ်ရှိကြောင်း သိရသည်။ ခိုင်ခံ့သော မြေအောက် တိမ်းရှောင်ရေးအဆောက်အအုံတစ်ခုစီတိုင်းတွင် ပေါက်ကွဲမှုဒဏ် ခံနိုင်သော တံခါးတစ်ခု၊ လေဝင်လေထွက်စနစ် တစ်ခုနှင့် အရေးပေါ် လျှပ်စစ်စနစ်တစ်ခု ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များသည် ဗဟိုအစိုးရထံမှ ငွေကြေးထောက်ပံ့မှုများကို အသုံးပြုကာ ထိုအဆောက်အအုံများကို ဆောက်လုပ်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

အဆိုပါအစိုးရအတွင်းဝန်ရုံးများအနေဖြင့်စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် ၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ် အသုံးစရိတ်မှ ယန်းသန်း ၁၀၀ သို့မဟုတ် အမေရိကန်ဒေါ်လာ ၆၈၀ဝ၀ဝ ခန့်ကို တောင်းဆိုသွားရန် စီစဉ်နေကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ