မန္တလေး ၅ ဧပြီ
ဂဟေဆက်လုပ်ငန်း ဆောင်ရွက်သည့် အသေးစားအလတ်စားလုပ်ငန်းများ ဂဟေဆက်စွမ်းရည် တိုးတက်စေရန်အတွက် ကွန်ပရက်ဆာဖရိန်ဂဟေ စွမ်းရည်ပြိုင်ပွဲကို မန္တလေးမြို့တွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့သည်။
ကွန်ပရက်ဆာဖိရိန်ဂဟေဆက် စွမ်းရည်ပြိုင်ပွဲကို ယခုလ ၄ ရက်က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်အဝိုင်းအနီးရှိ ကျင်းလုံမြန်မာစက်ပစ္စည်း အရောင်းပြခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
‘SME လုပ်ငန်းရှင်တွေပေါ်ထွက်လာဖို့၊ ခိုင်မာတဲ့ဈေးကွက်ရဖို့၊ ကုန်ထုတ်စွမ်းအားမြင့်အောင်၊ ကျင်းလုံနဲ့ခိုင်မာတဲ့ စီးပွားရေး လုပ်ငန်းကို လက်တွဲဆောင်ရွက်နိုင်အောင် အသေးစားအလတ်စား လုပ်ငန်းရှင်တွေ၊ သံပန်းသံတံခါးလုပ်ငန်းရှင်တွေ၊ ဖိတ်ခေါ်ပြီး ဆောင်ရွက်တာပါ’ ဟု ကျင်းလုံမြန်မာ၏ မန်နေဂျင်းဒါရိုက်တာ ကိုဇော်လှိုင်ထွန်းက ပြောသည်။
ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၂၃ ဦးပါဝင်ပြီး ကွန်ပရက်ဆာဖရိန် နမူနာပေးထားမည်ဖြစ်ကာ အဆိုပါပုံစံအတိုင်း အချိန် ၁ နာရီအတွင်း ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲတွင် ပထမဆု ၅ သိန်းနှင့် ဂဟေဆက် ပစ္စည်းများ၊ ဒုတိယဆု ၃ သိန်းနှင့် ဂဟေဆက်ပစ္စည်းများ၊ တတိယဆု ၁ သိန်းနှင့် ဂဟေဆက်ပစ္စည်းများ ချီးမြှင့်ခဲ့ပြီး နှစ်သိမ့်ဆုများလည်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အိမို့မို့ခိုင်


