၁၈ ဧပြီ

 

Nလွင် စီစဉ်ရေးသားသည့် အသေးစားငွေရေးကြေးရေးလုပ်ငန်း (Microfinance)အား စနစ်တကျ စီမံခန့်ခွဲခြင်းစာအုပ်ထွက်ရှိလာသည်။

အဆိုပါ စာအုပ်တွင် အခြေခံသဘောတရားများ၊ နည်းစနစ်များ၊ လုပ်ငန်းအဖွဲ့အစည်းများ၊ ရည်ရွယ်ချက်နှင့် ဥပဒေသများစသည့်အသေးစား ငွေရေးကြေးရေးလုပ်ငန်းဆိုင်ရာများ၊ အခြေခံ တာဝန်များ၊ လုပ်ငန်းအစီအစဉ်ရေးဆွဲခြင်းနှင့် အကျိုးရလဒ်၊ ပြန်လည်လေ့လာခြင်း၊ ဝန်ဆောင်မှု များအား စီမံခန့်ခွဲခြင်း၊ ထည့်သွင်းစဉ်းစားရမည့် အချက်များ၊ ငွေကြေးပမာဏ၊ သက်တမ်း၊ အတိုးနှုန်း၊ ပြန်လည်ပေးဆပ်ရမည့်ပုံစံ၊ စုဆောင်းငွေစီမံခန့်ခွဲခြင်း၊ လုပ်ငန်းနယ်ပယ်၊ ပြန်လည်ကောက်ခံမှုနှင့် အခြားသောငွေကြေးဆိုင်ရာ စီမံခန့်ခွဲခြင်းများကို အသင်းသားများ၏စွမ်းဆောင်ရည်နှင့် တိုးတက်မှုများအား သုံးသပ်ခြင်းတို့နှင့်အတူ အခန်းနှစ်ခန်းဖြင့် ဖွဲ့စည်းထားပြီး အသေးစား ငွေရေးကြေးရေး လုပ်ငန်းဆိုင်ရာများကို အသေးစိတ်ပြုစု ရေးသားထားသဖြင့် ဖတ်ရှုလေ့လာသင့်သော စာအုပ်တစ်အုပ်ဖြစ်သည်။

 

ကြေးမုံ စာအုပ်စင်