နေပြည်တော် အောက်တိုဘာ ၂
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဗိုလ်ကြီးမြစိန်(အငြိမ်းစား) (မော်ကွန်းဝင်ဒုတိယအဆင့်)အား ဧရာဝတီတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့နှင့် ပုသိမ်မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် အသက် ၁၀၀ နှစ်ပြည့် ဂါရဝပြု ဂုဏ်ပြုချီးမြှင့်ငွေများ သွားရောက်ပေးအပ်ကြသည်။
ဂါရဝပြုပေးအပ်
ဦးစွာ တာဝန်ရှိသူများက အသက် ၁၀၀ နှစ်ပြည့် ဗိုလ်ကြီးမြစိန် (အငြိမ်းစား)(မော်ကွန်းဝင် ဒုတိယအဆင့်) အား ဂါရဝပြုနှုတ်ဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်၊ ဧရာဝတီတိုင်းဒေသကြီးစစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့နှင့် ပုသိမ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့တို့မှ ပေးအပ်ချီးမြှင့်သည့် ဂုဏ်ပြုချီးမြှင့်ငွေများကို ဂါရဝပြုပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


