ပုလဲ ၁၈ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ် နှောရိုးကျေးရွာ အခြေခံပညာအလယ် တန်းကျောင်း၌ ဧပြီ ၁၇ ရက် ညနေ ၃ နာရီက အဋ္ဌမအကြိမ်မြောက် အသက်(၇၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ပုလဲမြို့နယ် နှောရိုးကျေးရွာ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲဖြစ်မြောက်ရေးကော်မတီဝင် ဦးတင်ငွေက ပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ သက်ကြီးဘိုးဘွား ၆၃ ဦးတို့အား နှောရိုးကျေးရွာ နေပြည်သူများက အဘိုးအဘွားတစ်ဦးလျှင် ငွေကျပ် ၃ဝဝဝဝ နှုန်းနှင့် ဆေးဝါးပစ္စည်းများကို လှူဒါန်း၍ ကန်တော့ခဲ့သည်။
ထို့နောက် သက်ကြီးဘိုးဘွားများ ကိုယ်စားအဘိုးဦးလေးမိုးက ဆုံးမသြဝါဒဆုပေးစကား ပြောကြားခဲ့ပြီး သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲ ဖြစ်မြောက်ရေးကော်မတီဝင် ဦးနိုင်လင်းက ပူဇော်ကန်တော့ပွဲနှင့် ပတ်သတ်သည့် ကုန်ကျစရိတ်ငွေစာရင်းကို ရှင်းလင်း ပြောကြားခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


