ဖာပွန် ၂၉ မတ် 

 

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်စက်ပြင် သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအေးက သင်တန်းဆင်း အမှာစကားပြောကြားပြီး ထူးချွန်ဆု ရရှိသော သင်တန်းသားများ မြို့နယ်အုပ်ချုပ်ရေးမှူးက ဆုများချီးမြှင့်ပေးကာ သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

အဆိုပါ သင်တန်းသို့ သင်တန်းသား ၂၀ ဦး တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြများက ဆိုင်ကယ်ပြုပြင်နည်းများကို မတ် ၄ ရက်မှ ၂၉ ရက်အထိ ရက်သတ္တပတ် လေးပတ်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းကို ကရင်ပြည်နယ် ဖာပွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

စောအောင်မျိုးလွင်(ပြန်/ဆက်)