အုတ်ဖို ၁၁ မတ်
ယနေ့ နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ ရွာမရပ်ကွက်၊ ရွာမ(၄)လမ်းနှင့်(၅)လမ်းကြား၊ အ.ထ.က အုတ်ဖို ကျောင်းအနီးတွင် နေအိမ်မီးလောင်မှု ဖြစ်ပွားကြောင်းသိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ အုတ်ဖို့မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် (၅)စီး၊ အုတ်ဖိုအရန်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂)စီး၊ စုစုပေါင်း မီးသတ်ယာဉ် (၇)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီခွဲတွင် မီးငြိမ်းသွားကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။
MDN


