၁၈ ဧပြီ

 

ထိပ်တင်ဟိန်းစီစဉ်ရေးသားသည့် အတွေးနှင့် အရေးစာအုပ်ထွက်ရှိလာသည်။

 

အင်္ဂလိပ်သဒ္ဒါကို ကောင်းကောင်း နားလည်လာသောအခါ မြန်မာသဒ္ဒါ ၏အရေးကြီးပုံကိုလည်း ပို၍သိလာရသည်။ ထိုင်းစကားနှင့် ထိုင်းစာကို လေးလေးနက်နက် သဘောပေါက်လာသောအခါ မြန်မာစကားနှင့် မြန်မာစာကိုပို၍ မြတ်နိုးလာရသည်။ စကားနှင့်စာကို ချစ်လာသောအခါ တိုင်းပြည်နှင့်လူမျိုးအပေါ်တွင် သံယောဇဉ် တွယ်တာလာပါတော့သည်။ သံယောဇဉ်ဖြစ်လာသောအခါ စေတနာကောင်းများ အလိုလို ဖြစ်ပေါ်လာရသည်မှာ သဘာဝပင်ဖြစ်သည်။ ဤဆန္ဒမွန်များအပေါ် သန္ဓေတည်၍ အတွေးနှင့်အရေးကို မွေးဖွားလာခြင်းဖြစ်ကြောင်း အဆိုပါစာအုပ်တွင် ရေးသားထားသည်။

 

ကြေးမုံ စာအုပ်စင်