ဓနုဖြူ ၁၁ ဧပြီ
ဓနုဖြူမြို့၊ အမှတ် (၁) အခြေခံပညာအထက်ကျောင်းတွင် အဋ္ဌမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်စာမေးပွဲကြီးအား ဧပြီ ၁၀ ရက်၊ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
သုတစုံလင်ဗုဒ္ဓဝင်စာမေးပွဲကြီးအား ဓနုဖြူမြို့နယ်အတွင်းရှိ ဓမ္မစကူးလ် ကျောင်းပေါင်း ၄၀ မှ ကျောင်းသားကျောင်းသူများ ဝင်ရောက်ဖြေဆိုကြပြီး မူလတန်းအဆင့်တွင် ကျောင်းသား ကျောင်းသူ ၇၆၇ ဦး၊ အလယ်တန်းအဆင့်တွင် ၅၀၈ ဦး စုစုပေါင်း ၁၂၇၅ ဦးဝင်ရောက်ဖြေဆိုကြသည်။ ယခုအခါ ဓမ္မစကူးလ် ကျောင်းများကို ဓနုဖြူမြို့နယ်တွင် မြို့ပေါ်နှင့် ကျေးလက်ဒေသများအထိ ဓမ္မစကူးလ်ကျောင်းများ အောင်မြင်စွာ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အောင်သူဟိဏ်း(ဓနုဖြူ)


