အုတ်တွင်း ၇ ဧပြီ

 

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ ရုံးသစ်ဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အုတ်တွင်းမြို့နယ် ရုံးပေါင်းစုံ ပြည်သူ့ဝန်ဆောင်မှုရုံး၌ ကျင်းပသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်လွင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်း၊ ခရိုင် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်တင်နှင့် မြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဝင်းတို့က မှာကြားဆွေးနွေးကြပြီး တောင်ငူခရိုင် (၆)မြို့နယ်မှ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

သိန်းဝင်း(ကျွဲပွဲ) (၁၁၄)