ပွင့်ဖြူ    ၉ ဧပြီ    

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် နဘဲကုန်းကျေးရွာရှိ ဒေသခံ ပြည်သူများ ရာသီမရွေး သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် မြင့်မိုရ်စံထားကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ခဲ့သည့် လေးလက်မ အဝီစိစက်ရေတွင်းမှာ ယခုအခါ ရာနှုန်းပြည့် တူးဖော်ပြီးစီးသွားပြီဖြစ်ပြီး ယင်းအဝီစိ စက်ရေတွင်းမှ ဆိုလာပန့် အသုံးပြု၍ ရေရယူစမ်းသပ် အသုံးပြုရာတွင် လုပ်ငန်းအောင်မြင်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ထံမှ သိရသည်။

 

1

 

ပွင့်ဖြူမြို့နယ် နဘဲကုန်းကျေးရွာသည် အိမ်ခြေ ၁၈၃ အိမ်၊ လူဦးရေ ၆၉၄ ဦးရှိပြီး ကျေးလက်နေ ပြည်သူများမှာ စိုက်ပျိုးရေး လုပ်ငန်းကို အဓိကစီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး နှစ်စဉ်သောက်သုံးရေ ရှားပါးမှု အခက်အခဲများနှင့် ကြုံတွေ့နေရသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း သိရသည်။

 

ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နဘဲကုန်းကျေးရွာရှိ ကျေးလက်နေ ပြည်သူများ ရာသီမရွေး သောက်သုံးရေ ဖူလုံစေရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ယူနီဆက်တို့၏ ပံ့ပိုးကူညီမှု၊ အလှူရှင်နှင့် ကျေးရွာပြည်သူလူထု ထည့်ဝင်လှူဒါန်းငွေဖြင့် လေးလက်မ အဝီစိစက်ရေတွင်းအား မြင့်မိုရ်စံထားကုမ္ပဏီမှ တာဝန်ယူတူးဖော် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)