၂၈ နိုဝင်ဘာ
အယ်ဘေးနီးယားငလျင်ကြောင့် လူပေါင်း ၃၀ ဦးသေဆုံးပြီး ၆၅၀ ဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရသူအများစုဟာ အပေါ်ယံထိခိုက်မှုသာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက မနေ့ညနေပိုင်းက ပြောကြားပါတယ်။
အင်္ဂါနေ့မနက်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ ပြင်အား ၆.၄ ရစ်(ခ်)တာစကေး အင်အားရှိငလျင်ကြောင့် အယ်ဘေးနီးယား နိုင်ငံရဲ့ ကမ်းရိုးတန်းမြို့ဖြစ်တဲ့ ဒူးရီးစ် နဲ့ သူမိန်း မြို့တွေမှာ အထိအခိုက်အပျက်အစီး များပြားခဲ့ပါတယ်။ အဲဒီမြို့နှစ်မြို့ရှိ တိုက်ခန်းတွေနဲ့ ဟိုတယ်တွေ ပြိုကျပြီး အပျက်အစီးတွေကြားမှာ ပိတ်မိနေတဲ့ ဒေသခံတွေ ရှိနေခဲ့ပါတယ်။
အဲဒီပိတ်မိနေသူတွေကို ကယ်ထုတ်ရန် ဥရောပနိုင်ငံတွေက ကျွမ်းကျင်ပညာရှင် ၂၀ဝ ဦး နဲ့အတူ ခွေးတွေ ပါဝင် ကူညီရာ မနေ့ကအထိ လူပေါင်း ၄၅ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ဒူးရီးစ်မြို့မှာ အဆောက်အဦ ၂၇ လုံးပြိုကျပြီး လူ ၁၂ ဦးသေဆုံးခဲ့ပါတယ်။
အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်အပြီး ငလျင်အသေးများ ဆက်လက်လှုပ်ခတ်နေတဲ့အတွက် ဒေသခံတွေ ဟာ ကြောက်ရွံပြီး လမ်းမတွေပေါ်မှာဘဲ ရှိနေပါတယ်။ မနေ့နေ့လည်ပိုင်းကလည်း ပြင်းအား ၅.၃ ရစ်(ခ်)တာ စကေးရှိ ငလျင်လှုပ်ခဲ့သေးတဲ့အတွက် နေအိမ်တွေဆီပြန်ဖို့ ပိုပြီး ကြောက်လန့်နေပါတယ်။
ငလျင်ဒဏ်ခံရသူအများစုဟာ အစိုးရရဲ့အကူအညီပေါ် မှီခိုနေရတာကိုတွေ့ရပါတယ်။ ငလျင်ဒဏ်ခံရသူတွေက သူတို့ဟာ အခုလိုမျိုးယာယီထဲတွေ ထဲမှာ ဆောင်းတွင်းတစ်ခုလုံး မနေနိုင်တဲ့အတွက် ၂၀၂၀ အရောက်မှာ နေအိမ်အသစ်တွေ ဆောက်ပေးဖို့ အစိုးရကို တောင်းဆိုနေပါတယ်။
အယ်ဘေးနီးယားနိုင်ငံ လွတ်လပ်ရေးနေ့ ပွဲတော်ကျင်းမယ့် နိုဝင်ဘာ ၂၈ ၊ ၂၉ ရက်ရဲ့ အစီစဉ်တွေကိုလည်း အစိုးရက ဖျက်သိမ်းထားကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP


