ဘားအံ ၁၈ ဧပြီ

 

ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်မှ နိုင်ငံသားအကျဉ်းသား(၁၂၉)ဦး၊ အကျဉ်းသူ (၂၁)ဦး၊ နိုင်ငံခြားသား အကျဉ်းသား(၃)ဦး စုစုပေါင်း(၁၅၃) ဦးနှင့် လက္ခဏ စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းမှ နိုင်ငံသား အကျဉ်းသား ၄၂ ဦး ဘားအံမြို့နယ် ဖိုးရှိုးကျေးရွာအနီးရှိ မာလာဖူးကျောက်ထုတ်စခန်းမှ နိုင်ငံသားအကျဉ်းသားပေါင်း (၆၄ )ဦးပါဝင်ကြောင်း သိရသည်။

 

နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၁၃/၂၀၁၉ ဖြင့် ဧပြီလ ၁၇ ရက်နေ့က တစ်နိုင်ငံလုံးရှိ အကျဉ်းထောင် / စခန်းအသီးသီးတွင် အကျဉ်းကျခံနေရသော နိုင်ငံသားအကျဉ်းသား (၉၅၃၅)ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့ခြင်းဖြစ်သည်။

 

ဘားအံ အကျဉ်ထောင်များမှ အကျဉ်းသားများအား တာဝန်ရှိသူများက ၎င်းတို့ရရှိမည့် စားစရိတ် ခရီးစရိတ် လုပ်အားရှင် ခံစားခွင့်တို့ကို တွက်ချက်၍ အသီးသီးထုတ်ပေးခဲ့ပြီး လာရောက်ကြိုဆိုမည့်သူ မရှိသည့် လွတ်ငြိမ်းသက်သာခွင့် ရရှိသူများကို  ဘားအံအဝေးပြေး ကားဂိတ်အထိ  မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)

 

IMG_201