ဘာအံ   အောက်တိုဘာ   ၁၄

သမဝါယမနှင့်  ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန  ကရင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့်  အသေးစားကုန်ထုတ်လုပ်ငန်းများ  ပေါ်ထွန်းလာစေရေး၊ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ  ပေါ်ထွန်းလာစေရေး၊  မိသားစုနှင့် အိုးမကွာအိမ်မကွာဖြင့် ဝင်ငွေတိုးပွားစေရန်နှင့်‌ ဘေးအန္တရာယ်ကင်းရှင်းပြီးကျန်းမာရးနှင့် ညီညွတ်သော စားသာက်ကုန်များ ထုတ်လုပ်ရောင်းချနိုင်ရေးအတွက်  ယနေ့  နံနက် ၁၀ နာရီတွင် ဘားအံမြို့ လူငယ်စင်တာ၌   Bakery အမျိုးမျိုးထုတ်လုပ်မှု  နည်းပညာသင်တန်းကို ဖွင့်လှစ်‌ပေးသည်။

ဦးစွာ ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်က အမှာစကားပြောကြားပြီး   သင်တန်းသုံးကုန်ကြမ်းပစ္စည်းများကို  သင်တန်းသားများထံ   ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊  ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား  သင်တန်းသူများအပါအဝင်  စုစုပေါင်း ၆၀ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ     Bakery    အမျိုးမျိုးထုတ်လုပ်မှုသင်တန်းကို အောက်တိုဘာ     ၁၄ ရက်မှ  ၂၀ ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်း၌  Butter cake၊ cake  roll ၊  donut ၊      ဒူးရင်း pillow ၊ Cheese cake ၊ နံကတိုင်၊ ပေါင်မုန့်နှင့် မွေးနေ့ကိတ်ပြုလုပ်နည်းများကို  သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)