ဘားအံ ၈ ဖေဖော်ဝါရီ

 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇာသပြင်-ဘားအံ ကားလမ်းဘေးရှိ နောင်တလုံးကျေးရွာအုပ်စု၊ မုကဝါကျေးရွာတွင် ယနေ့ နံနက် ၁၁ နာရီ ၁၃ မိနစ်ခန့်က ဆီဂိုဒေါင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ကရင်ပြည်နယ် မီးသတ်ဦးစီးမှူးရုံးမှ မီးသတ်ယာဉ်(၅)စီး၊ ရေသယ်ယာဉ်(၆)စီး၊ ဘားအံမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ တရုတ်လှနယ် မြေမီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ ထုံးအိုင်နယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ငြိှမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

65

 

MDN