ဘားအံ ၁၅  ဧပြီ

 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း သင်္ကြန်ကာလ ရေကစားသူများ အေးချမ်းစွာဆင်နွှဲနိုင်ရေး၊ အထင်ကရနေရာများသို့ လာရောက်သူများ အေးချမ်းစွာလည်ပတ်နိုင်စေရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့များ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိသည်။

 

1

 

ထိုသို့ဆောင်ရွက်ရာတွင် သင်္ကြန်ကာလမတိုင်ခင်မှ စတင်ပြီးဆောင်ရွက်ခဲ့ရာ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် လမ်းဆုံလမ်းခွများ၊ ဂိတ်များတွင်လည်းကောင်း၊ အများပြည်သူ အပန်းဖြေနိုင်သည့် နေရာများ၊ လည်ပတ်သွားလာမှုများသော သမိုင်းဝင်ဂူဘုရားများနှင့် ရေတံခွန်များတွင်လည်းကောင်း၊ ကား၊ ဆိုင်ကယ်များတွင် အန္တရာယ်ဖြစ်စေနိုင်သော လက်နက်များ မပါရှိစေရေး ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်း၊ ခိုက်ရန်ပြုမှုများ မရှိစေရေးကို အထူးဆောက်ရွက် ပေးကြကြောင်းသိရသည်။

 

2

 

ဘားအံမြို့ပေါ်တွင် ဗဟိုမဏ္ဍပ်အပါအဝင်၊ ဝန်ကြီးဌာနအလိုက် ယိမ်းအကမဏ္ဍပ်များ၊ ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် ယိမ်းအကမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များတွင် ဘေးကင်းလုံခြုံပြီး မဟာသင်္ကြန်ပွဲကို ပျော်ရွင်အေးချမ်းစွာ ဆင်နွဲနိုင်ရေးအတွက် လုံခြုံရေးဆောင်ရွက်ပေးနေခြင်းပြီး ယခုနှစ်သင်္ကြန်ကာလအတွင်း ဘုရားဖူးဧည့်သည် လာရောက်မှု ပိုများလာကာ ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှလည်း လုံခြုံရေးတာဝန်ချထားမှုကိုလဲ  အင်အားပိုချထားခြင်းကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)