ဘားအံ   ဇန်နဝါရီ   ၉

ကရင်ပြည်နယ်   ဘားအံမြို့တွင်  ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို  ဒီဇင်ဘာ ၆ ရက်က ဘားအံတက္ကသိုလ် မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည်။

ဦးစွာ ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက ဆောင်းရာသီအားကစားပြိုင်ပွဲ ကျင်းပမှုနှင့်ပတ်သက်၍ အမှာစကား ပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ်သည်။

အဆိုပါဘာသာရပ်ပေါင်းစုံ     အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးအသင်း ခုနစ်သင်း၊  အားကစားသမား စုစုပေါင်း ၁၂၆ ဦးဖြင့် ဇန်နဝါရီ ၆ ရက်မှ ၁၆ ရက်အထိ ယှဉ်ပြိုင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။     

ခရိုင်(ပြန်/ဆက်)